Wednesday, March 27, 2013

ရှင်သန်စေခဲ့သူ

ချစ်စရာ အပြုံးတွေနဲ့ 

မေတ္တာအမုန်းတွေကို  ပျိုးပေးခဲ့သူရေ

အနေဝေးသွားပေမယ့်လည်း

သွေးမအေးနိုင်သေးတဲ့ ဒဏ်ရာတွေက

တစ်ခါတရံရင်ကို  ရိုက်ခတ်လွန်းတာမို့ 

မင်းကိုတော့ မေတ္တာမဆဲတဲ့

သစ္စာမိုးတွေ နဲ့ ချစ်နေဆဲပါ. . .


လေနှင်ရာလွင့်နေရတဲ့ ဒီအချိန်မှာ

သစ်ရွက်က ကိုယ်ပဲလား  ?

လေရူးကပဲ  မင်းလား  ?

ကွဲပြားတဲ့အဖြေတစ်ခုတော့

သိချင်ဆုံးသူက ကိုယ်ပဲဖြစ်လိမ့်မယ်. . .

ဒါပေမယ့်

ဝေးနေရတဲ့ အချိန်တွေကို  မြတ်နိုးတယ်

ဖြစ်နိုင်ရင်လေ.

စက္ကန့် တိုင်းကို စိန်စီပြစ်လိုက်မယ်

ဘာဖြစ်လို့ လဲ သိလား ?

မင်းကို ချစ်တဲ့ စိတ်တွေကို

ထာဝရရှင်သန်အောင် မွေးဖွားပေးလို့ ပေါ့..

ကျေးဇူးပါပဲ 

တကယ်ပါ. . .

မင်းဟာ ကိုယ့်ဘဝကို ရှင်သန်စေခဲ့သူပါ

ကောင်မလေးရယ်. . .

No comments:

Post a Comment