Friday, March 15, 2013

အဆိပ်သင့် အချစ်

ဝေးရမှာကိုသိခဲ့သလို

မုန်းသွားမယ်ဆိုတာလည်းသိနှင့်ပါတယ်

မမျှော်လင့်ခဲ့ပါဘူး

အပျော်ဖင့်လို့သာ

ရူးစေခဲ့တာပါ

တိုတောင်းလွန်းတဲ့

အချိန်ကာလလေးအတွင်းမှာ

အရမ်းမချစ်သင့်ခဲ့ပါဘူး

အဆိပ်သင့်အချစ်မှန်း

မသိခဲ့လို့လေလား

အခုတော့.....

ပဒိုင်းသီးကိုစားမိလျှင်

ရူးစေလိမ့်မယ်.

မင်းကိုချစ်မိလျှင်

အဆိပ်သင့်မယ်ဆိုတာ

သိခဲ့လေပြီကွယ်

အဆိပ်သင့်အချစ်တို့နဲ့

မနက်ဖြန်တိုင်းအတွက်

ငါ

အသက်ဆက်မရှင်ပါရစေတော့နဲ့ကွယ် ။

No comments:

Post a Comment