Saturday, March 16, 2013

နင့်အတွက်

နှုတ်ထွက်စကား

မပြောကြားလဲ

မျိုသိပ်ထားတဲ့ ချစ်စိတ်က

ရင်ထဲမှာ အပြည့်

မပြောလည်း နင်သိ

ရင်ထဲရှိ အချစ်ကို

အပြစ်တစ်ခု ဖန်ဆင်းရင်

ခံစားတတ်လွန်းတဲ့ နှလုံးသားကို

ပြစ်ဒဏ်ခတ် ရက်စက်စွာ

 ဥပေက္ခာပြုလိုက်မယ်..ချစ်သူ..။

ပန်းခင်းလမ်းကို နင်ယူ

ဝေဒနာအပူ ရာထောင်ကို

လက်ဆောင်အဖြစ် နဲ့ 

ငါ့ကို ပေးနှင်းခဲ့ပါ ချစ်သူ ။

 


No comments:

Post a Comment