Saturday, March 16, 2013

ပြန်လာချင်တယ် အမေရယ်

အမေ့ရင်ခွင် သားရှိစဉ်က

သားရင်ထဲမှာ အေးသာယာ၍

သာယာရွင်လန်း ဘဝလမ်း...။

အမေနဲ့ ဝေး တနယ်ကျေးမှာ

နေရေးဘယ်ခါ မလွယ်ပါ၍

သာယာငြိမ်းချမ်း ရင်ခွင်နန်းသို့ 

ပြန်လာချင်တယ်အမေ ။



သူစိမ်းတွေကြား တစ်ခါမှာလည်း

စိမ်းကားမေတ္တာ ပြောင်းတတ်တာမို့ 

ဘယ်ခါမယိမ်း ထာဝရငြိမ်းတဲ့ 

အေးငြိမ်းသာယာ အမေ့ဆီသာ

ပြန်လာချင်တယ်အမေရယ်....။



အေးငြိမ်းမှုများ များကာပြားလည်း

ကြိုးကြားရံခါ ပင်ပန်းတာတွေ

ပါလာတတ်လို့  သားငယ်ရင်အေး

အပြုံးလေးနဲ့  ဖြေပေးခဲ့ရာ

ရင်ခွင်သာသို့  မျှော်လို့ သာပဲ

ပြန်လာချင်တယ်အမေရယ် ။



မေ့သားငယ်အား သူစိမ်းများက

ရိုင်းဆန်စကား ပြောလာငြားလျှင်

သားငယ်ရင်မှာ မကောင်းတာမို့ 

ဒဏ်ရာအများ ပြေကာသွားဖို့ 

အေးငြိမ်းသာယာ အမေ့ဆီသာ

ပြန်လာချင်တယ်အမေရယ် ။



သားငယ်စိတ်များ လွတ်ကာသွား၍

သူများတွေပေါ် ဆိုးမိုက်ခေါ်တာ

ရှိခဲပါသော် လိမ္မာဖို့ ရေး

လေပြည်လေးနဲ့  ဆုံးမပေးသူ

လက်ဥိးဆရာ အမေ့ဆီသာ

ပြန်လာချင်တယ်အမေရယ် ။



ပျော်ပျော်ရွင်ရွင် နေရစဉ်ဝယ်

မေ့ပယ်ပြစ်ထား အမေ့ရင်အား

ပူပင်စိမ်းကား တစ်စိမ်းများကြား

ကြမ်းတမ်းပင်ပန်း ဘဝလမ်းကို

ကိုယ်တိုင်ကိုယ်ကျ လျှောက်လှမ်းရမှ

ပူပင်မရှိ နူးညံ့ဖွယ်ရာ

သာယာငြိမ်းချမ်း မေ့ရင်နန်းသို့ 

ပြန်လာချင်တယ်အမေရယ်

No comments:

Post a Comment