Saturday, March 16, 2013

အချစ် ဆိုတာ

အတွေး လွဲမှား

နှလုံးသားက

တားမရဘူး ။

အရူးအမူးကို

အကြင်နာတွေ ပိုခဲ့မိတယ်

ခဏတာအချစ်ကို

တစ်ဘဝရဲ့ အနှစ်လို

တွယ်ရစ်မိသူ ငါ

ဝေဒနာခရီးကြမ်း

အလွမ်းမုန်တိုင်းကြား

ရောက်သွားကာမှ သိလိုက်တယ် ။

အချစ်ဆိုတာ. 


သောကဟူသမျှတို့ ရဲ့ 

မြစ်ဖြားခံရာ

No comments:

Post a Comment