Saturday, March 16, 2013

ပန်းနှင်းဆီလို အချစ်


မမျှော်လင့်တဲ့     ခံစားချက်တွေက

အသိမပေးပဲ    ရင်ခွင်ကိုရိုက်ခတ်ခဲ့တယ်

နာကျင်မှုတွေက ရင်ခွင်မှာတုန်ခါရင်း

အတိတ်ကခံစားချက်တွေကို

စာရွက်ဖြူဖြူလေးပေါ်မှာ

ပေါက်ကွဲမိခဲ့တယ်..။

တကယ်တော့

ခဏတာလာတဲ့  ချစ်ဧည့်သည်ကို

ခင်တွယ်မိခဲ့တဲ့  ငါ့နှလုံးသားအတွက်

အပြန်နှုတ်ဆက်လက်ဆောင်ဟာ

အမုန်း..တဲ့.။

သြော်...

ပန်းနှင်းဆီနေရာမှာ

ပန်းစံပယ်ကိုအစားထိုးမိတဲ့  ငါ့နှလုံးသား

ပင်ယံမှာကာရံထားတဲ့

ဆူး...စုးမှသိခဲ့တယ်.။

တကယ်တော့

အချစ်ဆိုတာ

အမုန်းဆိုတဲ့

ဆူးတွေကာရံထားတဲ့

ပန်းနှင်းဆီလိုပါလားပေါ့.။

No comments:

Post a Comment