Sunday, March 17, 2013

ရာသက်ပန် အမိန့် ပေးနိုင်သူ

အချစ်မှာသာ


တစ်ခါတလေလောက်

 

အမှားလုပ်မိရင်

 

ဘောလုံးပွဲတွေလို

 

ခေါ်ယူသတိပေးမှု့ တွေ

 

အဝါကတ်လောက်ပြပြီး သတိပေးမှု့ တွေရှိလို့ ရင်

 

သိပ်ကောင်းမှာပဲ  ချစ်သူ  ။

 

အခုတော့. . .

 

နင့်အတွက် ပြောမိခဲ့တဲ့

 

ငါ့စေတနာက

 

နင့်ဘက်က ဝေဒနာလို့ ထင်

 

စေတနာအမှားအတွက်

 

ချမှတ်လိုက်တဲ့  ပြစ်ဒဏ်က

 

တိုက်ရိုက်အနီတဲ့. . .။

 

ချမှတ်တဲ့ ပြစ်ဒဏ်ကို  

 

မကျေနပ်လို့ 

 

နှလုံးသားခုံရုံးကို

 

အယူခံဝင်ကာမှ

 

ပိုဆိုးပါလား  ချစ်သူ

 

'ရာသက်ပန် ပွဲပယ်'  တဲ့ ။


No comments:

Post a Comment