Friday, May 3, 2013

မသိသူသို့ 

 

တစ်နေ့ တစ်ရက်

နေ့ တွေဆက်ခဲ့

ရာသီတွေပြောင်း

နှစ်တွေဟောင်းလည်း

မပြောင်းရင်မှာ

တွယ်တာရာက

သံယောဇဉ်သစ်

တိုး၍ဖြစ်ပွား

ချစ်စိတ်များက

လျော့ပါးမလား ?

တစ်ခါတစ်ခေါက်

တစ်ကြိမ်တစ်ယောက်

မမေ့ပျောက်၍

သောကရင်မှာ

ပူပင်စွာဖြင့်

နေထိသည့်ပန်း

ညှိုးရိပ်နွမ်းသို့ 

မလန်းဝေသာ

ပွင့်နေပါလည်း

ရင်ဝယ်အပူ

မသိလေသူ....။

 

No comments:

Post a Comment