အဖြူရင့်ရောင်သို့  (သို့ ) ပန်းနုရင်ခွင်သစ်သို့ မိုးထက်သာမှ
ပန်း...နှင်းဆီကိုမှ ချစ်တတ်တဲ့
ခရမ်းပြာရောင်သူငယ်ချင်းလေးရေ ။
နု...ထွားပျိုမြစ်
အဖြူရင့်ရောင်ကမ္ဘာသစ်မှာ
လင်းမြဖြာဝေ
အဆင်းလှပါစေ ။
ရင်...ဘတ်နှင့်ရင်းဆုတောင်း
ဘဝထောင်သောင်းခြားပါစေ
အနေဝေးခင်မင်မှု့ 
ဒီကဗျာနဲ့ အသိအမှတ်ပြုပေးပါ။
ခွင်...ရိုက်တတ်တဲ့
ကံကြမ္မာတစ်ဖက်စောင်းမှာ
ညီညာသင်းပျံ့ သလင်းရနံ့ တွေရှုရှိုက်ဖို့ 
အတူစိုက်ထုတ်ခွင့်ပေးပါ ။
သစ်...လွင်တဲ့ ကောင်းကင်ဘုံတစ်ခုလို
အမူပိုတတ်တဲ့ ဒုက္ခရေစိးကြောင်းမှာ
ငါဟာ ဒိုက်တစ်ချောင်းဖြစ်ပါစေ.
လွမ်းခွင့်မသာလည်းကျေနပ်တယ်။
သို့ .....ကလို အတွေးတွေထဲ
မရစ်ဝဲတည်ရှိဖို့ 
စိန္တေဘုရားသို့ ဆုမွန်
အလွန်အကျွံ တောင်းဆုဆိုတယ်။
မိုး..ရေစက်အလွန်
ဆောင်းနှင်းကျွံရင်ခွင်ထဲ
အတူမခွဲကြရအောင်
ခင်မင်မှု့ တွေတည်ဆောက်ခဲ့တယ်။
ထက်...အာကာယံတစ်ခွင်
တစ်သက်မှာခင်မင်ခွင့်
အဆက်ဆက်တည်စေလို
နေညိုချိန်ထိပေါ့.....။
သာ...လွန်တဲ့ခင်မင်မှု့ 
ရယူဖို့ ငါအလိုမရှိပါဘူး
မင်းပျော်ရင်ကျေနပ်
ဒီဘဝဇာတ်ထဲ
အလဲအကွဲကြုံတိုင်း
အတွေးတွေ ညှိနှိုင်းဖို့ 
အတူရှိတိုင်း ကျေနပ်တယ်..။
မှ..တစ်ပါးအခြားမရှိ
ခင်မင်မှု့ အတိုင်းအတာတစ်ခုထိ
တည်ရှိနေတဲ့အချိန်တိုင်း
ဘဝင်စည်းစိမ် လေဟပ်မိပါရဲ့ 
ခင်တတ်တဲ့ ကျွန်တော် ။
No comments:
Post a Comment