အရာအားလုံးထက်
လမင်းကသာ လေညှင်းလာတော့
သာယာလှပ ဒီလိုညမှာ
ငယ့်ရဲ့အကြောင်း ပြန်ပြောင်းတွေးကာ
ကဗျာရေးရတာထက်
ဘယ်ဟာကများ ပိုမက်စရာရှိပါ့မလား ?
ကောင်းကင်ယံပြာ ကြယ်တာရာစုံ
ဝါဝါပြည့်ရွှန်း လပြည့်ဝန်းနှင့်
ပြည့်စုံလှပ ဟော့ဒီလိုည
ငယ့်ရဲ့အကြောင်း ကဗျာတေးစပ်
လွမ်းရတာထက်
ဘယ်ဟာကများ ပိုမက်စရာရှိပါ့မလဲ ?
ငယ်မရှိ ည ရှည်လျှားလှစွာ
တမ်းတဆိတ်ငြိမ် ညဥ့်နက်ချိန်မှာ
ငယ့်ပုံရိပ်လေး ရေးရေးတွေးကာ
ဆွေးရတာထက်
ဘယ်ဟာကများ ပိုမက်စရာရှိပါ့မလား ?
No comments:
Post a Comment