Sunday, March 17, 2013

ပန်းပျိုးလက် နှင့် မခူးရက်သူ

                                                               

မကြင်ရက် ခင်တဲ့သူရယ်

နင်က ငွေလမင်းဆိုရင်

နင် တင့်တယ်ဖို့ 

ငါကြယ်လေးတွေ ဖြစ်လိုက်ချင်တယ်...။

နင်က ကုမုဒြာ ကြာပန်းဆို

နင်ပွင့်လန်းနိုင်ဖို့ 

ငါ လရောင်လွင်လွင်လေး ဖြစ်လိုက်ချင်တယ်..။

နင်က ချစ်စရာလိပ်ပြာငယ်လေးဆို

နင့်ဝတ်ရည် အတွက်

ငါ ပွင့်သောပန်းဖတ်ဖြစ်လိုက်ချင်တယ်...။

နင်က

ပန်းသဇင်ဆိုရင်

နင်တော်ဝင်နိုင်ဖို့ 

ငါဥယျဉ်မှူးလေးလုပ်လိုက်ချင်တယ်...။

နင်က

မြေမှာခယ ပန်းခရေဘဝဆိုလည်း

ငါ့ရင်မှာ တယုတယ ထာဝရသိမ်းထားလိုက်ချင်တယ်...။

ဒါပေမယ်....................

 

 ရင်တွင်းခံစားချက်

 

အပြင်ဖြစ်ရပ်တို့ က

 

ကွာဟလွန်းတာမို့ 

 

ရင်မှာ စို့ နစ်

 

 ငါ့အဖြစ်က


ပန်းအသွင်ကို


လှမ်းမြင်ရုံနဲ့ 


ကျေနပ်ရမယ့် ဘဝပါ  ။


No comments:

Post a Comment