သစ္စာတော်စူး
ငါထုဆစ်တဲ့
ကာရန်တစ်ပုဒ်
နှလုံးသားတိုင်းအတွက်
ညီမျှပါစေ
ဘဝတစ်သက်တာ
တစ်ခါသာ
ရင်ခုန်မယ်
တစ်ခါဖြစ်တဲ့ အချစ်
တစ်သက်တာ
ဖြစ်ပါစေလို.
သန္ဒိဌာန် အခါခါချ
ငါ့နှလုံးသားကို
ဆုံးမခဲ့တယ်
ယုံပါ
ကောင်မလေးရယ်
ကိုယ့်ဘဝမှာ
ဒုတိယသူဆိုတာ
ရှိလာခဲ့ရင်
အဓိဌာန်သစ္စာတော်စူးလို.
ဘဝအဆက်ဆက်
အချစ်ရူးသာ
ဖြစ်ရပစေ ကောင်မလေးရေ...
No comments:
Post a Comment