စွန့် သွားတော့ ရော်ဝါ
လေယူရာလွင့်
ပင်စည်စွန့် ပြီး
လူးလွင့်မြေပေါ်
ငိုရှာသော်လည်း
ဝေးသော်တစ်နေ့ 
ဆွေးတမြေ့နှင့်
လွမ်းငွေ့ ရင်မှာ
ပူလောင်ကာနေ
ရော်ဝါလေးရေ.
သင့်လိုပဲကွယ်
ငါ့ရဲ့ရင်ထဲ
ဝင်သွားထွက်လာ
သီးပွင့်သည်လည်း
လေယူရာသိမ်း
လိုက်သွားရှာတော့
ဒဏ်ရာများစွာ
ရခဲ့ရှာတယ်.
ရော်ဝါလေးရယ်
ပင်စည်အိုကို
စွန့် ဖို့ ဝမ်းနည်းလည်း
အားမာန်ခဲ့ကာ
စွန့် ခဲ့ပါတော့
ရော်ဝါလေးရေ.
သင်မှေးစက်ရာ
သင့်ဌာနာကို
ရောက်လာမယ့်သူ
မရှိတော့လည်း
နောက်ဆံမတင်း
ငဲ့ကွက်ကင်းကွာ
သွားလိုရာကို
သွားတော့ပါလား
ရော်ဝါလေးရယ်.
No comments:
Post a Comment