Saturday, March 16, 2013

သိပ်ချစ်တယ်ကွယ်


စုန်းကဝေတစ်ယောက်ရဲ့  ပြုစား

အမူမှားတတ်တဲ့ ကံကြမ္မာ

အဖန်တစ်ရာ ကြံစမ်းပါစေ။

အလှမ်းဝေးဖို့  မတွေးခဲ့

စခန်းခြင်း မနီးတောင်မှ

အလွမ်းခြင်း နီးစပ်

အချစ်တွေ နီးစပ်ပေးတဲ့

Internet ကိုလည်းကျေးဇူးတင်တယ် ။

မာနမကြီးတဲ့

အလှမင်းသမီး ကို

အလှမ်းဝေးတဲ့

မန္တလေးကပဲ လွမ်းတော့မယ်. . .။

ဘယ်သူတွေ ဘယ်လိုတားပေမယ့်

ပစ်မထားရက်တဲ့ ငါ့အချစ်

အနှစ်မကျန် သွန်မှောက်

မင်းတစ်ယောက် အတွက်ပါပဲ။

အသက်သာ ဆုံးပါစေ

သုံးခါသေမယ်ဆိုရင်လည်း

ငိုချင်အောင် ချစ်ပြမယ်။

နှစ် . လ ကွယ်ခြားရင်တောင်

ကြားချင်အောင်ပြောချင်တယ်

သိပ်ချစ်တယ်ကွယ် ။

 

No comments:

Post a Comment