Wednesday, March 13, 2013

ပါးချိုင့်ပိုင်ရှင်သို့ 

အိပ်မရတဲ့ ညပေါင်းများစွာ

စိတ္တဇညအဖြစ်ပြောင်းလဲသွားသလို

မက်မောတွယ်တာခဲ့သမျှ

ရက်ရောဆွယ်ကာပြတတ်တဲ့

ပါးချိုင့်သဏ္ဍာန်

အပြုံးဟန်က

နှလုံးဆန်အထိ စွဲငြိနေပြီ

ညီမလေးရယ်.......။



နှစ်သစ်မှာ အချစ်စစ်ဖြစ်ပွား

နှလုံးသားမှာတော့ မမုန်းအားပါဘူးလို့ 

ချစ်ညီမလေးရယ်..

ချစ်စကားလေးမေ့အနားမှာ

ချိုသာစွာလေးပြောချင်တယ်

ကာရန်ညီညီ ကဗျာစီပြီး

မပြောနှိင်ပေမယ့်

ကာရန်ဆန်ဆန် မြန်မာ့ဟန်နဲ့ 

သိမ်ချစ်တဲ့ ညီမလေးအနားခစားလို့ 

ဟန်ပန်မရှိ ပကတိဖြူစင်

ကလေးတို့ အသွင်ဖြင့်

အတွေးတသိုက်ကို ဘေးဖယ်

ဂရုတစိုက်ဖတ်မှာလားလို့ရေး

ဖြူစင်တဲ့နှလုံးအိမ်မှာတော့

မြူလုံးအသွင်ဆိုတာ လုံးဝမရှိ

အချစ်ကြိးပြီး

ရမ္မက်မီးထတဲ့ ငါ့ဘဝ...

အခုတော့ မဖြေသာ

ဝေဒနာစာလွာပါး

မင်းရင်မှာ အချစ်ပွားပါစေ..

အချစ်ကို ကဗျာဟန်

ကာရန်နဲ့ မပြောနိုင်ပေမယ့်

ညီမလေးရယ်...

ရိုးရိုး နဲ့ အေးအေး

ဖြေးဖြေးလေး ပြောလိုက်မယ်

သိပ်ချစ်တယ်လို့ ....

အချစ်ကို ပမာတင်

ကဗျာမဆင်တတ်ပေမယ့်

ကာရန်မဲ့ နှလုံးသား

ကိုယ့်အား ညီမလေးမုန်းသွားလည်း

ညီမလေးကို မမုန်းရက်

အပြုံးဆက်နဲ့ 

ဆယ်ကမ္ဘာ မကဆက်ချစ်သွားမယ်

ညီမလေးရယ်.

No comments:

Post a Comment