Monday, March 18, 2013

အချစ်ဟုခေါ်သည်

                                   

ဒဏ္ဍာရီတွေလား
ရာဇဝင်တွေလား
နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 
 အခင်းအကျင်းတွေက
ချစ်သက်လက်ဆောင် ဗရပွနဲ့ 
ဂန္တဝင်မြောက်လောက်အောင် လှတယ် ။

ချစ်တတ်သူတွေရဲ့ 
အမြုတေချင်း ဖလှယ်မှု့ မှာ

ဆေးပေါင်းခလိုက်ပုံက
နီရဲရဲပါးကလေးနဲ့ 
ပန်းကလေးတွေတောင်
ရှက်သွေးဖြာတယ်. .။

နှင်းခါးရေမစွက်မပွက်နဲ့ 
ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ
ကောင်မလေးရေ. . .
နင့်ခြေထောက်တွေ
ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 
ရာသီသုံးပါးအပြောင်းအလဲကြားမှာ
နင်. . .အရင်လို
ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ
ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ
ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ
မယ်သီတာရယ်. . .
နင်ဟာ ငါ့အတွက်တော့
ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်
သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား
မျော်လင့်ချက် သီးကင်းလေးများလဲ
နေလောင်ရာအပြည့်နဲ့ 
နွမ်းမြည့်မှည့်တယ်. . .။

တိတ်တခိုး ခေါင်းစဉ်နဲ့ 
ဇာတ်ခုံနောက်ပါးက
တစ်ကိုယ်တော်
ကပြအသုံးတော်ခံမှု့ မှာ
စွဲလမ်းသူ လွမ်းစေရမယ်လို့ 
ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။

ဟင့်အင်း. . .ငါမရေးချင်တော့ဘူး
ဒီသံယောဇဉ်အကြောင်းတွေကို
တကယ်လို့ များ
နင်ဖတ်.ကြား . သိမြင် ခဲ့ရင်
နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ
'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။

အလွမ်းနဲ့ရေးတဲ့တေးဟာ
အစ အလယ် အဆုံး
ဖွဲ့ နွဲ့ မှု့ အားလုံး
ကြေကွဲခြင်း မိုးကြိုးတို့ 
တဝုန်းဝုန်း ရွာချ
ပင်လယ်ဝမှာ မေးတင်
အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။

ဟေ့  ဒီမှာ. . .
တပ်မက်မှု့  အားကောင်းကောင်းနဲ့ 
ပြင်းပြင်းရှရှ သတိရနေမှု့ ကို
အလွမ်းလို့ ခေါ်တယ် ဆိုတာ
နင်သိရင်ကောင်းမယ်. . .။

နင့်အတွက်ဆိုရင်
ဒီကောင် . . .
ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ
လမ်းဘေးဇာတ်ပွဲ
 နောက်ဆုံးက ရပ်ကြည့်ရင်း
သမ္မတရုံရဲ့  အထူးတန်းခုံပေါ်
နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .
တကယ်တော့ ငါဟာ. . .
နင့်ဖဝါးအစုံအောက်က
ဖိနပ်တရံပါ
သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ
နင်စီးချင်နေတဲ့
အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို
 မျက်စောင်းထိုး
ငါ့ကြိုးပျက်သွားလည်း
နင်. . .
ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 
အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက
အာသီသ  ခပ်ပြင်းပြင်းနဲ့ 
ခန္ဓာတစ်ခုလုံး မီးပုံရှို့ 
သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။

အက္ခရာ အတွင်ကျယ်လို့ 
ကိုယ့်ကဗျာတွေ လူမသိပေမယ့်
ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 
''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့
မေးခွန်းတွေကို
သေချာမဖြေတတ်ခဲ့တာပါ. . .။

နင်တော့ မသိစေရဘူး
ရက်မပြည့်သေးတဲ့
တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက
နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။

အသေအချာ ကွယ်ဝှက်ထားတဲ့
ဒီချစ်ခြင်းအကြောင်းတွေ
နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်
တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်
နင့်အတွက် ငါ. . .
ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။

တစ်ခုတောင်းဆိုပရစေ...
ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်
ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး
နောင် နှစ်ပေါင်းများစွာကြာပေါ့
နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

No comments:

Post a Comment