Tuesday, March 12, 2013

ချစ်လွန်းလို့ ပါ



သမုဒယရစ်ခြုံ

အနုသယ ဒီကောင်းကင်ဘုံမှာ

အနုတွေစုံလင်စွာ ဖန်ဆင်းထားတဲ့

ငါ့ရဲ့ ကွက်လပ်လေးထဲ

နင်ဝင်ဝင်ဖြည့်ခဲ့တယ်. . .။

အကြင်နာတွေသိုင်းခြုံ

အစဉ်သာရင်မှာ ပန်းခြုံတို့ 

အဖူးအပွင့်စုံလင်စွာနဲ့ 

ငါ့ရဲ့ ဥယျဉ်လေးထဲ

နင်ဝင်ဝင်လာခဲ့တယ်. . .။

အသင် ဘယ်သူလဲ ? လို့ မမေးလိုက်ပါနဲ့ .

မင်းရင်တွင်း အကျဉ်းထောင်မှာ

အကျဉ်းကျခံဖို့ 

ဒူးထောက်နေခဲ့သူပါ

ဒါ. . . . . .

စစ်ရှုံးလို့ မဟုတ်ဘူး ။

သံယောဇဉ်တွေ စုပုံ

ကိုယ့်သခင်အုံပြုဖို့ 

နေ့ နေ့ ညညအားထုတ်

အကြင်နာတွေ ဆောက်လုပ်

ရင်ဘတ်ရုပ်ကြွင်း နဲ့ထုဆစ်ခဲ့တာ

ချစ်လွန်းလို့ ပါ. . . .။

No comments:

Post a Comment