Tuesday, March 19, 2013

ဘာကြောင့်ပါလဲ

 

နွေလိုပူပြင်း

ငါ့ရင်တွင်းကို

အတင်းမွှေနှောက်

အသက်ပျောက်မတတ်

ရက်စက်နေတဲ့

အလွမ်းတွေကို

မုန်းတယ်. .။


ရင်တွင်းကလာ

  ချစ်မေတ္တာကို

သီကာဖွဲ့ ကုံး

နုလှသုံးကာ   

ပလီပလာ

မပြောတတ်တဲ့

ငါ့ ကို ငါ

မုန်းတယ်. .

ငါ့ရင်ထဲမှာ

တီးတိုးဝင်ရောက်

လွမ်းလက်ဆောင်ပေးတဲ့

မင်းကိုတော့

မုန်းမရတာ

ဘာကြောင့်လဲဟာ...

No comments:

Post a Comment