Wednesday, March 13, 2013

ကြောက်လို့ ပါ

ဒို့ နှစ်ယောက်ထားတဲ့ 

အဖြူရောင်သံယောဇဉ်ကြိုးတွေကို

ငါ့ဘက်က အရောင်ခြယ်ဖို့ 

ကြိုးစားခဲ့ တာပါ....

မင်းရဲ့ အပြုံး မင်းရဲ့အလှတွေကြောင့်

ငါမင်းကိုချစ်ခဲ့တယ်

ချစ်ခဲ့လို့ လည်း

ငါ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေဟာ

ရှင်သန်နိုးထခဲ့တယ်...။

ဒါကို မင်းဘက်က လက်မခံဘူးဆို၇င်လည်း

ငါ့ဘက်က ကျေကျေနပ်နပ်ကြီး

လက်ခံလိုက်မယ်..။

ဘာလို့လဲဆိုတော့

မထိုက်မှန်းသိလျှက်နဲ့ 

ချစ်ခဲ့တဲ့ ငါ့အပြစ်ကြောင့်

ကျေကျေနပ်နပ်လက်ခံခဲ့ တာပါ...။

တကယ်လို့ 

အမှတ်မထင် နောင်တစ်ချိန်

ငါနဲ့ တွေ့ တဲ့ အခါ

ပြုံးမပြပါနဲ့  စကားမပြောပါနဲ့

ဘာလို့ လဲဆိုတော့

ငါ့ရဲ့ ရောဂါဟောင်းတွေ

ဖောက်လာမှာ ကြောက်လို့ ပါ

ညီမလေးရာ.......။

No comments:

Post a Comment