Saturday, March 16, 2013

လက်ခံပေးပါ သူငယ်ချင်း

သူငယ်ချင်းလေး...........

မမြင်ဘူးပေမယ့် ရင်းနှိးနေတာတော့

ကြာပြီနော်........

တို့ တတွေက


သူစိမ်းတွေမဟုတ်ကြတော့သလို


စိတ်ဆိုးရမယ့်သူတွေလည်း မဟုတ်တော့ဘူးလေ..


သူငယ်ချင်းဆိုတဲ့....


သံယောဇဉ် လွယ်လွယ်လေးနဲ့ 


မင်းဖြတ်ပြစ်လိုက်တာ


သိပ်ဝမ်းနည်းတာပဲ....


တွေ့ ကြဆုံကြ ပျော်စရာဘဝမှာ


ခင်မင်မှု သံယောဇဉ်


ဖြစ်လာပြီ ဆိုကာမှဖြင့်


မေ့ပျောက်ဖို့ ရာ လွယ်မတဲ့လား....


ငါ့ဘက်ကသံယောဇဉ်


သေချာတွေးကြည့်ရင်တော့ ရေးရေးတော့ပေါ်လာနိုင်တယ်...


သူငယ်ချင်းဆိုတာ ဘာလဲ?


သံသယ တို့ အာဃာတတို့ပြောတာလား ?


အတ္တတို့  မာနတို့ ပြောတာလား ?


အထ င်လွဲတယ်ဆိုတာ


ကောင်းတဲ့အရာမှမဟုတ်ပဲလေ ....


သြော် ....ဒါနဲ့ သူငယ်ချင်း


အလွှဲတကာ အလွှဲထဲမှာ


နားလည်မှု လွဲတာ အဆိုးဆုံးပဲလေ..။


မင်းရဲ့ လွှဲမှားမှုတွေ မှန်ကန်လာတဲ့


တစ်နေ့ တော့


မိုးထက်  ဆိုတဲ့ ငါ့ကို


မင်းကောင်းကောင်းချည်း


လက်ခံပေးပါ သူငယ်ချင်း.......။

No comments:

Post a Comment