Wednesday, March 27, 2013

ရှင်သန်စေခဲ့သူ

ချစ်စရာ အပြုံးတွေနဲ့ 

မေတ္တာအမုန်းတွေကို  ပျိုးပေးခဲ့သူရေ

အနေဝေးသွားပေမယ့်လည်း

သွေးမအေးနိုင်သေးတဲ့ ဒဏ်ရာတွေက

တစ်ခါတရံရင်ကို  ရိုက်ခတ်လွန်းတာမို့ 

မင်းကိုတော့ မေတ္တာမဆဲတဲ့

သစ္စာမိုးတွေ နဲ့ ချစ်နေဆဲပါ. . .


လေနှင်ရာလွင့်နေရတဲ့ ဒီအချိန်မှာ

သစ်ရွက်က ကိုယ်ပဲလား  ?

လေရူးကပဲ  မင်းလား  ?

ကွဲပြားတဲ့အဖြေတစ်ခုတော့

သိချင်ဆုံးသူက ကိုယ်ပဲဖြစ်လိမ့်မယ်. . .

ဒါပေမယ့်

ဝေးနေရတဲ့ အချိန်တွေကို  မြတ်နိုးတယ်

ဖြစ်နိုင်ရင်လေ.

စက္ကန့် တိုင်းကို စိန်စီပြစ်လိုက်မယ်

ဘာဖြစ်လို့ လဲ သိလား ?

မင်းကို ချစ်တဲ့ စိတ်တွေကို

ထာဝရရှင်သန်အောင် မွေးဖွားပေးလို့ ပေါ့..

ကျေးဇူးပါပဲ 

တကယ်ပါ. . .

မင်းဟာ ကိုယ့်ဘဝကို ရှင်သန်စေခဲ့သူပါ

ကောင်မလေးရယ်. . .

Tuesday, March 19, 2013

အပြုံးတစ်ခုရဲ့  ရလာဒ်

 

ငါ့အတွက်

နင့်ရဲ့ အပြုံးတစ်ခုကို

ရတဲ့နေ့ တိုင်း

အိပ်မက်တွေ ချိုမြ

စိတ်ပျက်စရာတွေ  ပြိုကျ

သိပ်ရှက်စရာတွေ ငိုပြ

ချစ်အဆိပ်တွေ ကြေမွ

စိတ်ကူးတွေ  နိုးထ

အားငယ်မှု့ တွေ ပယ်ပျောက်

ဝမ်းနည်းမှု့ တွေ  ထွက်မြောက်

ဆင်းရဲခြင်းကို လက်မမြှောက်

ချမ်းသာမှု့ ကို  ဒူးမထောက်

ဘယ်သူတွေ ဘယ်လောက်မြှောက်

ငါ့စိတ်က မင်းတစ်ယောက်

အချစ်ကြီးတဲ့  ဒဿ

အတိတ်ဘဝက 

ငါများ..

ဝင်စားရော့သလား. .?

ဘာကြောင့်ပါလဲ

 

နွေလိုပူပြင်း

ငါ့ရင်တွင်းကို

အတင်းမွှေနှောက်

အသက်ပျောက်မတတ်

ရက်စက်နေတဲ့

အလွမ်းတွေကို

မုန်းတယ်. .။


ရင်တွင်းကလာ

  ချစ်မေတ္တာကို

သီကာဖွဲ့ ကုံး

နုလှသုံးကာ   

ပလီပလာ

မပြောတတ်တဲ့

ငါ့ ကို ငါ

မုန်းတယ်. .

ငါ့ရင်ထဲမှာ

တီးတိုးဝင်ရောက်

လွမ်းလက်ဆောင်ပေးတဲ့

မင်းကိုတော့

မုန်းမရတာ

ဘာကြောင့်လဲဟာ...

Monday, March 18, 2013

အချစ်ဟုခေါ်သည်

ဒဏ္ဍာရီတွေလား

ရာဇဝင်တွေလား

နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 

 အခင်းအကျင်းတွေက

ချစ်သက်လက်ဆောင် ဗရပွနဲ့ 

ဂန္တဝင်မြောက်လောက်အောင် လှတယ် ။


ချစ်တတ်သူတွေရဲ့ 

အမြုတေချင်း ဖလှယ်မှု့ မှာ


ဆေးပေါင်းခလိုက်ပုံက

နီရဲရဲပါးကလေးနဲ့ 

ပန်းကလေးတွေတောင်

ရှက်သွေးဖြာတယ်. .။


နှင်းခါးရေမစွက်မပွက်နဲ့ 

ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ

ကောင်မလေးရေ. . .

နင့်ခြေထောက်တွေ

ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 

ရာသီသုံးပါးအပြောင်းအလဲကြားမှာ

နင်. . .အရင်လို

ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ

ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ

ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ

မယ်သီတာရယ်. . .

နင်ဟာ ငါ့အတွက်တော့

ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်

သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား

မျော်လင့်ချက် သီးကင်းလေးများလဲ

နေလောင်ရာအပြည့်နဲ့ 

နွမ်းမြည့်မှည့်တယ်. . .။


တိတ်တခိုး ခေါင်းစဉ်နဲ့ 

ဇာတ်ခုံနောက်ပါးက

တစ်ကိုယ်တော်

ကပြအသုံးတော်ခံမှု့ မှာ

စွဲလမ်းသူ လွမ်းစေရမယ်လို့ 

ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။


ဟင့်အင်း. . .ငါမရေးချင်တော့ဘူး

ဒီသံယောဇဉ်အကြောင်းတွေကို

တကယ်လို့ များ

နင်ဖတ်.ကြား . သိမြင် ခဲ့ရင်

နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ

'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။


အလွမ်းနဲ့ရေးတဲ့တေးဟာ

အစ အလယ် အဆုံး

ဖွဲ့ နွဲ့ မှု့ အားလုံး

ကြေကွဲခြင်း မိုးကြိုးတို့ 

တဝုန်းဝုန်း ရွာချ

ပင်လယ်ဝမှာ မေးတင်

အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။


ဟေ့  ဒီမှာ. . .

တပ်မက်မှု့  အားကောင်းကောင်းနဲ့ 

ပြင်းပြင်းရှရှ သတိရနေမှု့ ကို

အလွမ်းလို့ ခေါ်တယ် ဆိုတာ

နင်သိရင်ကောင်းမယ်. . .။


နင့်အတွက်ဆိုရင်

ဒီကောင် . . .

ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ

လမ်းဘေးဇာတ်ပွဲ

 နောက်ဆုံးက ရပ်ကြည့်ရင်း

သမ္မတရုံရဲ့  အထူးတန်းခုံပေါ်

နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .

တကယ်တော့ ငါဟာ. . .

နင့်ဖဝါးအစုံအောက်က

ဖိနပ်တရံပါ

သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ

နင်စီးချင်နေတဲ့

အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို

 မျက်စောင်းထိုး

ငါ့ကြိုးပျက်သွားလည်း

နင်. . .

ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 

အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက

အာသီသ  ခပ်ပြင်းပြင်းနဲ့ 

ခန္ဓာတစ်ခုလုံး မီးပုံရှို့ 

သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။


အက္ခရာ အတွင်ကျယ်လို့ 

ကိုယ့်ကဗျာတွေ လူမသိပေမယ့်

ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 

''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့

မေးခွန်းတွေကို

သေချာမဖြေတတ်ခဲ့တာပါ. . .။


နင်တော့ မသိစေရဘူး

ရက်မပြည့်သေးတဲ့

တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက

နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။


အသေအချာ ကွယ်ဝှက်ထားတဲ့

ဒီချစ်ခြင်းအကြောင်းတွေ

နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်

တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်

နင့်အတွက် ငါ. . .

ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။


တစ်ခုတောင်းဆိုပရစေ...

ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်

ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး

နောင် နှစ်ပေါင်းများစွာကြာပေါ့

နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

အချစ်ဟုခေါ်သည်

                                   

ဒဏ္ဍာရီတွေလား
ရာဇဝင်တွေလား
နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 
 အခင်းအကျင်းတွေက
ချစ်သက်လက်ဆောင် ဗရပွနဲ့ 
ဂန္တဝင်မြောက်လောက်အောင် လှတယ် ။

ချစ်တတ်သူတွေရဲ့ 
အမြုတေချင်း ဖလှယ်မှု့ မှာ

ဆေးပေါင်းခလိုက်ပုံက
နီရဲရဲပါးကလေးနဲ့ 
ပန်းကလေးတွေတောင်
ရှက်သွေးဖြာတယ်. .။

နှင်းခါးရေမစွက်မပွက်နဲ့ 
ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ
ကောင်မလေးရေ. . .
နင့်ခြေထောက်တွေ
ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 
ရာသီသုံးပါးအပြောင်းအလဲကြားမှာ
နင်. . .အရင်လို
ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ
ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ
ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ
မယ်သီတာရယ်. . .
နင်ဟာ ငါ့အတွက်တော့
ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်
သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား
မျော်လင့်ချက် သီးကင်းလေးများလဲ
နေလောင်ရာအပြည့်နဲ့ 
နွမ်းမြည့်မှည့်တယ်. . .။

တိတ်တခိုး ခေါင်းစဉ်နဲ့ 
ဇာတ်ခုံနောက်ပါးက
တစ်ကိုယ်တော်
ကပြအသုံးတော်ခံမှု့ မှာ
စွဲလမ်းသူ လွမ်းစေရမယ်လို့ 
ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။

ဟင့်အင်း. . .ငါမရေးချင်တော့ဘူး
ဒီသံယောဇဉ်အကြောင်းတွေကို
တကယ်လို့ များ
နင်ဖတ်.ကြား . သိမြင် ခဲ့ရင်
နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ
'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။

အလွမ်းနဲ့ရေးတဲ့တေးဟာ
အစ အလယ် အဆုံး
ဖွဲ့ နွဲ့ မှု့ အားလုံး
ကြေကွဲခြင်း မိုးကြိုးတို့ 
တဝုန်းဝုန်း ရွာချ
ပင်လယ်ဝမှာ မေးတင်
အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။

ဟေ့  ဒီမှာ. . .
တပ်မက်မှု့  အားကောင်းကောင်းနဲ့ 
ပြင်းပြင်းရှရှ သတိရနေမှု့ ကို
အလွမ်းလို့ ခေါ်တယ် ဆိုတာ
နင်သိရင်ကောင်းမယ်. . .။

နင့်အတွက်ဆိုရင်
ဒီကောင် . . .
ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ
လမ်းဘေးဇာတ်ပွဲ
 နောက်ဆုံးက ရပ်ကြည့်ရင်း
သမ္မတရုံရဲ့  အထူးတန်းခုံပေါ်
နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .
တကယ်တော့ ငါဟာ. . .
နင့်ဖဝါးအစုံအောက်က
ဖိနပ်တရံပါ
သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ
နင်စီးချင်နေတဲ့
အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို
 မျက်စောင်းထိုး
ငါ့ကြိုးပျက်သွားလည်း
နင်. . .
ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 
အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက
အာသီသ  ခပ်ပြင်းပြင်းနဲ့ 
ခန္ဓာတစ်ခုလုံး မီးပုံရှို့ 
သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။

အက္ခရာ အတွင်ကျယ်လို့ 
ကိုယ့်ကဗျာတွေ လူမသိပေမယ့်
ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 
''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့
မေးခွန်းတွေကို
သေချာမဖြေတတ်ခဲ့တာပါ. . .။

နင်တော့ မသိစေရဘူး
ရက်မပြည့်သေးတဲ့
တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက
နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။

အသေအချာ ကွယ်ဝှက်ထားတဲ့
ဒီချစ်ခြင်းအကြောင်းတွေ
နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်
တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်
နင့်အတွက် ငါ. . .
ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။

တစ်ခုတောင်းဆိုပရစေ...
ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်
ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး
နောင် နှစ်ပေါင်းများစွာကြာပေါ့
နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

Sunday, March 17, 2013

လွမ်းသူသို့ 

လွမ်းမိုးထွေထွေ


လွမ်းသည့်မြေမှာ


လွမ်းညတွေနက်


လွမ်းရေးခက်မို့ 


လွမ်းခြင်းဒဏ်ရာ


လွမ်းရင်မှာရ


လွမ်း၍မဆုံး


လွမ်းကို မုန်းတယ်


လွမ်းစွာဆိုလည်း


လွမ်းရင်ခွင်ထဲ


လွမ်းမြဲလွမ်းသာ


လွမ်းနေပါတယ်


လွမ်းနေရတဲ့


လွမ်းသူလေးရယ် ။

နှလုံးသားတစ်ခုရဲ့  ငိုကြွေးသံ

အလွမ်းတွေလေတွေပွေ

နှင်းဝေတဲ့ဆောင်းမှာ

မပြောင်းလဲသောရင်ခွင်နဲ

မင်းကို တမ်းတ

လွမ်းရတဲ့စိတ်ကြောင့်

နွမ်းလျရင်ဟာ...

လရောင်လွင်လွင်အောက်မှာ

နာကျင်နေဆဲပါ သူငယ်ချင်းလေး ။

ရင်ကွဲကာ

အသည်းမှာ နာကျင်လည်း

တွေ ခွင့်မကြုံ

ဆုံခွင့်မရှိပြီမို့ 

ရင်မှာ ငြိုးထား

အမုန်းများနဲ့ 

အလွမ်းလမ်းကြားမှာ

ငါ့ကို ထားရစ်ခဲ့ပါ သူငယ်ချင်း

အလွမ်းအိုင်မှာ

နင့်နှလုံးသား

နွမ်းယိုင်သွားမှာ စိုးလို့  ပါ ။

ရာသက်ပန် အမိန့် ပေးနိုင်သူ

အချစ်မှာသာ


တစ်ခါတလေလောက်

 

အမှားလုပ်မိရင်

 

ဘောလုံးပွဲတွေလို

 

ခေါ်ယူသတိပေးမှု့ တွေ

 

အဝါကတ်လောက်ပြပြီး သတိပေးမှု့ တွေရှိလို့ ရင်

 

သိပ်ကောင်းမှာပဲ  ချစ်သူ  ။

 

အခုတော့. . .

 

နင့်အတွက် ပြောမိခဲ့တဲ့

 

ငါ့စေတနာက

 

နင့်ဘက်က ဝေဒနာလို့ ထင်

 

စေတနာအမှားအတွက်

 

ချမှတ်လိုက်တဲ့  ပြစ်ဒဏ်က

 

တိုက်ရိုက်အနီတဲ့. . .။

 

ချမှတ်တဲ့ ပြစ်ဒဏ်ကို  

 

မကျေနပ်လို့ 

 

နှလုံးသားခုံရုံးကို

 

အယူခံဝင်ကာမှ

 

ပိုဆိုးပါလား  ချစ်သူ

 

'ရာသက်ပန် ပွဲပယ်'  တဲ့ ။


ပန်းပျိုးလက် နှင့် မခူးရက်သူ

                                                               

မကြင်ရက် ခင်တဲ့သူရယ်

နင်က ငွေလမင်းဆိုရင်

နင် တင့်တယ်ဖို့ 

ငါကြယ်လေးတွေ ဖြစ်လိုက်ချင်တယ်...။

နင်က ကုမုဒြာ ကြာပန်းဆို

နင်ပွင့်လန်းနိုင်ဖို့ 

ငါ လရောင်လွင်လွင်လေး ဖြစ်လိုက်ချင်တယ်..။

နင်က ချစ်စရာလိပ်ပြာငယ်လေးဆို

နင့်ဝတ်ရည် အတွက်

ငါ ပွင့်သောပန်းဖတ်ဖြစ်လိုက်ချင်တယ်...။

နင်က

ပန်းသဇင်ဆိုရင်

နင်တော်ဝင်နိုင်ဖို့ 

ငါဥယျဉ်မှူးလေးလုပ်လိုက်ချင်တယ်...။

နင်က

မြေမှာခယ ပန်းခရေဘဝဆိုလည်း

ငါ့ရင်မှာ တယုတယ ထာဝရသိမ်းထားလိုက်ချင်တယ်...။

ဒါပေမယ်....................

 

 ရင်တွင်းခံစားချက်

 

အပြင်ဖြစ်ရပ်တို့ က

 

ကွာဟလွန်းတာမို့ 

 

ရင်မှာ စို့ နစ်

 

 ငါ့အဖြစ်က


ပန်းအသွင်ကို


လှမ်းမြင်ရုံနဲ့ 


ကျေနပ်ရမယ့် ဘဝပါ  ။


Saturday, March 16, 2013

နင့်အတွက်

နှုတ်ထွက်စကား

မပြောကြားလဲ

မျိုသိပ်ထားတဲ့ ချစ်စိတ်က

ရင်ထဲမှာ အပြည့်

မပြောလည်း နင်သိ

ရင်ထဲရှိ အချစ်ကို

အပြစ်တစ်ခု ဖန်ဆင်းရင်

ခံစားတတ်လွန်းတဲ့ နှလုံးသားကို

ပြစ်ဒဏ်ခတ် ရက်စက်စွာ

 ဥပေက္ခာပြုလိုက်မယ်..ချစ်သူ..။

ပန်းခင်းလမ်းကို နင်ယူ

ဝေဒနာအပူ ရာထောင်ကို

လက်ဆောင်အဖြစ် နဲ့ 

ငါ့ကို ပေးနှင်းခဲ့ပါ ချစ်သူ ။

 


လက်ခံပေးပါ သူငယ်ချင်း

သူငယ်ချင်းလေး...........

မမြင်ဘူးပေမယ့် ရင်းနှိးနေတာတော့

ကြာပြီနော်........

တို့ တတွေက


သူစိမ်းတွေမဟုတ်ကြတော့သလို


စိတ်ဆိုးရမယ့်သူတွေလည်း မဟုတ်တော့ဘူးလေ..


သူငယ်ချင်းဆိုတဲ့....


သံယောဇဉ် လွယ်လွယ်လေးနဲ့ 


မင်းဖြတ်ပြစ်လိုက်တာ


သိပ်ဝမ်းနည်းတာပဲ....


တွေ့ ကြဆုံကြ ပျော်စရာဘဝမှာ


ခင်မင်မှု သံယောဇဉ်


ဖြစ်လာပြီ ဆိုကာမှဖြင့်


မေ့ပျောက်ဖို့ ရာ လွယ်မတဲ့လား....


ငါ့ဘက်ကသံယောဇဉ်


သေချာတွေးကြည့်ရင်တော့ ရေးရေးတော့ပေါ်လာနိုင်တယ်...


သူငယ်ချင်းဆိုတာ ဘာလဲ?


သံသယ တို့ အာဃာတတို့ပြောတာလား ?


အတ္တတို့  မာနတို့ ပြောတာလား ?


အထ င်လွဲတယ်ဆိုတာ


ကောင်းတဲ့အရာမှမဟုတ်ပဲလေ ....


သြော် ....ဒါနဲ့ သူငယ်ချင်း


အလွှဲတကာ အလွှဲထဲမှာ


နားလည်မှု လွဲတာ အဆိုးဆုံးပဲလေ..။


မင်းရဲ့ လွှဲမှားမှုတွေ မှန်ကန်လာတဲ့


တစ်နေ့ တော့


မိုးထက်  ဆိုတဲ့ ငါ့ကို


မင်းကောင်းကောင်းချည်း


လက်ခံပေးပါ သူငယ်ချင်း.......။

Block မင်းသမီးအတွက်

ကွန်ပြူတာရှေ့ မှာ

ဝင်ကာထိုင်မိတိုင်း

ထုံထိုင်းနေတဲ့စိတ်

ဘယ်ပုံရိပ်ကြောင့်ဆိုတာ


အတွေးခက်


Block ဆိုတဲ့ အဖြေပဲထွက်နေတယ်


တစ်ချိန်က ခင်မင်ခြင်း


ငါမနှင်ပဲ ထွက်ခွါ


ခပ်ကွာ ကွာ နေမှ သိလိုက်ပြီ ။


ငါ့ရင်မှထိခိုက်သွားတာ


နာကျင်လို့ ပေါ့ဟာ ။

အချစ် ဆိုတာ

အတွေး လွဲမှား

နှလုံးသားက

တားမရဘူး ။

အရူးအမူးကို

အကြင်နာတွေ ပိုခဲ့မိတယ်

ခဏတာအချစ်ကို

တစ်ဘဝရဲ့ အနှစ်လို

တွယ်ရစ်မိသူ ငါ

ဝေဒနာခရီးကြမ်း

အလွမ်းမုန်တိုင်းကြား

ရောက်သွားကာမှ သိလိုက်တယ် ။

အချစ်ဆိုတာ. 


သောကဟူသမျှတို့ ရဲ့ 

မြစ်ဖြားခံရာ

သိပ်ချစ်တယ်ကွယ်


စုန်းကဝေတစ်ယောက်ရဲ့  ပြုစား

အမူမှားတတ်တဲ့ ကံကြမ္မာ

အဖန်တစ်ရာ ကြံစမ်းပါစေ။

အလှမ်းဝေးဖို့  မတွေးခဲ့

စခန်းခြင်း မနီးတောင်မှ

အလွမ်းခြင်း နီးစပ်

အချစ်တွေ နီးစပ်ပေးတဲ့

Internet ကိုလည်းကျေးဇူးတင်တယ် ။

မာနမကြီးတဲ့

အလှမင်းသမီး ကို

အလှမ်းဝေးတဲ့

မန္တလေးကပဲ လွမ်းတော့မယ်. . .။

ဘယ်သူတွေ ဘယ်လိုတားပေမယ့်

ပစ်မထားရက်တဲ့ ငါ့အချစ်

အနှစ်မကျန် သွန်မှောက်

မင်းတစ်ယောက် အတွက်ပါပဲ။

အသက်သာ ဆုံးပါစေ

သုံးခါသေမယ်ဆိုရင်လည်း

ငိုချင်အောင် ချစ်ပြမယ်။

နှစ် . လ ကွယ်ခြားရင်တောင်

ကြားချင်အောင်ပြောချင်တယ်

သိပ်ချစ်တယ်ကွယ် ။

 

စွန့် သွားတော့ ရော်ဝါ

လေယူရာလွင့်

ပင်စည်စွန့် ပြီး

လူးလွင့်မြေပေါ်

ငိုရှာသော်လည်း

ဝေးသော်တစ်နေ့ 

ဆွေးတမြေ့နှင့်

လွမ်းငွေ့ ရင်မှာ

ပူလောင်ကာနေ

ရော်ဝါလေးရေ.

သင့်လိုပဲကွယ်

ငါ့ရဲ့ရင်ထဲ

ဝင်သွားထွက်လာ

သီးပွင့်သည်လည်း

လေယူရာသိမ်း

လိုက်သွားရှာတော့

ဒဏ်ရာများစွာ

ရခဲ့ရှာတယ်.

ရော်ဝါလေးရယ်

ပင်စည်အိုကို

စွန့် ဖို့ ဝမ်းနည်းလည်း

အားမာန်ခဲ့ကာ

စွန့် ခဲ့ပါတော့

ရော်ဝါလေးရေ. 


သင်မှေးစက်ရာ

သင့်ဌာနာကို

ရောက်လာမယ့်သူ

မရှိတော့လည်း

နောက်ဆံမတင်း

ငဲ့ကွက်ကင်းကွာ

သွားလိုရာကို

သွားတော့ပါလား

ရော်ဝါလေးရယ်. 

 

ပန်းနှင်းဆီလို အချစ်


မမျှော်လင့်တဲ့     ခံစားချက်တွေက

အသိမပေးပဲ    ရင်ခွင်ကိုရိုက်ခတ်ခဲ့တယ်

နာကျင်မှုတွေက ရင်ခွင်မှာတုန်ခါရင်း

အတိတ်ကခံစားချက်တွေကို

စာရွက်ဖြူဖြူလေးပေါ်မှာ

ပေါက်ကွဲမိခဲ့တယ်..။

တကယ်တော့

ခဏတာလာတဲ့  ချစ်ဧည့်သည်ကို

ခင်တွယ်မိခဲ့တဲ့  ငါ့နှလုံးသားအတွက်

အပြန်နှုတ်ဆက်လက်ဆောင်ဟာ

အမုန်း..တဲ့.။

သြော်...

ပန်းနှင်းဆီနေရာမှာ

ပန်းစံပယ်ကိုအစားထိုးမိတဲ့  ငါ့နှလုံးသား

ပင်ယံမှာကာရံထားတဲ့

ဆူး...စုးမှသိခဲ့တယ်.။

တကယ်တော့

အချစ်ဆိုတာ

အမုန်းဆိုတဲ့

ဆူးတွေကာရံထားတဲ့

ပန်းနှင်းဆီလိုပါလားပေါ့.။

အလွမ်း

ချစ်သူတိုင်း

လွမ်းဖို့  သက်သက်

ချစ်ခဲ့ ကြတာ မဟုတ်ပေမယ့်

ချစ်သူတိုင်းပဲ

လွမ်းနေကြတယ်

ချစ်တိုင်းလွှမ်းကြရသလို

လွမ်းသူတိုင်းလည်း

ပို ချစ်လာကြတာပဲ

မလွမ်းဖူးသေးတဲ့

အချစ်သာရှိချင်ရှိမယ်

မလွမ်းရတဲ့ 

အချစ်ဆိုတာ မရှိပါဘူး။

တကယ်တော့

အလွှမ်းဆိုတာ

ချစ်တတ်သူတိုင်းရဲ့ 

"သင်္ကေတ'' တစ်ခုပါ.။

အဆိပ်သင့် နှလုံးသား

ဒူးမထောက်ပေမယ့်

လက်မြှောက်အရှုံးပေးနေတဲ့

ကိုယ့်ကို....

ကြောက်ပြီလားလို့မမေးပါနဲ့ 

ညီမလေးရယ်...

ကိုယ်...ခံနိုင်စွမ်းမရှိလို့ ပါ...........။



အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်

အချစ်အောင်လံ ကို

မလွင့်ထူနိုင်တဲ့

ကိုယ့်ကို...

မမုန်းသေးဘူးလားလို့ 

မမေးလိုက်ပါနဲ့ 

ညီမလေးရယ်...

ကိုယ်...ဝမ်းနည်းလွမ်းလို့ ပါ..........။



ယောက်ျားလေးတစ်ယောက်အတွက်

မျှော်လင့်ချက်အပြုံးလေး နဲ့ အတူ

ရက်စက်တဲ့ အမုန်းတွေကိုမှ ပေးတတ်တဲ့ 

မာယာရှင် မိန်းကလေးကိုမှ

အစဉ်ထာဝရ ချစ်ခဲံ့မိတဲ့

ကိုယ့်နှလုံးသားကိုက

အရမ်းကို ....

ကံဆိုးလွန်းတာပါ

ညီမလေးရယ်..............။

အဖြူရင့်ရောင်သို့  (သို့ ) ပန်းနုရင်ခွင်သစ်သို့ မိုးထက်သာမှ

ပန်း...နှင်းဆီကိုမှ ချစ်တတ်တဲ့
ခရမ်းပြာရောင်သူငယ်ချင်းလေးရေ ။

နု...ထွားပျိုမြစ်
အဖြူရင့်ရောင်ကမ္ဘာသစ်မှာ
လင်းမြဖြာဝေ
အဆင်းလှပါစေ ။

ရင်...ဘတ်နှင့်ရင်းဆုတောင်း
ဘဝထောင်သောင်းခြားပါစေ
အနေဝေးခင်မင်မှု့ 
ဒီကဗျာနဲ့ အသိအမှတ်ပြုပေးပါ။

ခွင်...ရိုက်တတ်တဲ့
ကံကြမ္မာတစ်ဖက်စောင်းမှာ
ညီညာသင်းပျံ့ သလင်းရနံ့ တွေရှုရှိုက်ဖို့ 
အတူစိုက်ထုတ်ခွင့်ပေးပါ ။

သစ်...လွင်တဲ့ ကောင်းကင်ဘုံတစ်ခုလို
အမူပိုတတ်တဲ့ ဒုက္ခရေစိးကြောင်းမှာ
ငါဟာ ဒိုက်တစ်ချောင်းဖြစ်ပါစေ.
လွမ်းခွင့်မသာလည်းကျေနပ်တယ်။

သို့ .....ကလို အတွေးတွေထဲ
မရစ်ဝဲတည်ရှိဖို့ 
စိန္တေဘုရားသို့ ဆုမွန်
အလွန်အကျွံ တောင်းဆုဆိုတယ်။

မိုး..ရေစက်အလွန်
ဆောင်းနှင်းကျွံရင်ခွင်ထဲ
အတူမခွဲကြရအောင်
ခင်မင်မှု့ တွေတည်ဆောက်ခဲ့တယ်။

ထက်...အာကာယံတစ်ခွင်
တစ်သက်မှာခင်မင်ခွင့်
အဆက်ဆက်တည်စေလို
နေညိုချိန်ထိပေါ့.....။

သာ...လွန်တဲ့ခင်မင်မှု့ 
ရယူဖို့ ငါအလိုမရှိပါဘူး
မင်းပျော်ရင်ကျေနပ်
ဒီဘဝဇာတ်ထဲ
အလဲအကွဲကြုံတိုင်း
အတွေးတွေ ညှိနှိုင်းဖို့ 
အတူရှိတိုင်း ကျေနပ်တယ်..။

မှ..တစ်ပါးအခြားမရှိ
ခင်မင်မှု့ အတိုင်းအတာတစ်ခုထိ
တည်ရှိနေတဲ့အချိန်တိုင်း
ဘဝင်စည်းစိမ် လေဟပ်မိပါရဲ့ 
ခင်တတ်တဲ့ ကျွန်တော် ။

ပြန်လာချင်တယ် အမေရယ်

အမေ့ရင်ခွင် သားရှိစဉ်က

သားရင်ထဲမှာ အေးသာယာ၍

သာယာရွင်လန်း ဘဝလမ်း...။

အမေနဲ့ ဝေး တနယ်ကျေးမှာ

နေရေးဘယ်ခါ မလွယ်ပါ၍

သာယာငြိမ်းချမ်း ရင်ခွင်နန်းသို့ 

ပြန်လာချင်တယ်အမေ ။



သူစိမ်းတွေကြား တစ်ခါမှာလည်း

စိမ်းကားမေတ္တာ ပြောင်းတတ်တာမို့ 

ဘယ်ခါမယိမ်း ထာဝရငြိမ်းတဲ့ 

အေးငြိမ်းသာယာ အမေ့ဆီသာ

ပြန်လာချင်တယ်အမေရယ်....။



အေးငြိမ်းမှုများ များကာပြားလည်း

ကြိုးကြားရံခါ ပင်ပန်းတာတွေ

ပါလာတတ်လို့  သားငယ်ရင်အေး

အပြုံးလေးနဲ့  ဖြေပေးခဲ့ရာ

ရင်ခွင်သာသို့  မျှော်လို့ သာပဲ

ပြန်လာချင်တယ်အမေရယ် ။



မေ့သားငယ်အား သူစိမ်းများက

ရိုင်းဆန်စကား ပြောလာငြားလျှင်

သားငယ်ရင်မှာ မကောင်းတာမို့ 

ဒဏ်ရာအများ ပြေကာသွားဖို့ 

အေးငြိမ်းသာယာ အမေ့ဆီသာ

ပြန်လာချင်တယ်အမေရယ် ။



သားငယ်စိတ်များ လွတ်ကာသွား၍

သူများတွေပေါ် ဆိုးမိုက်ခေါ်တာ

ရှိခဲပါသော် လိမ္မာဖို့ ရေး

လေပြည်လေးနဲ့  ဆုံးမပေးသူ

လက်ဥိးဆရာ အမေ့ဆီသာ

ပြန်လာချင်တယ်အမေရယ် ။



ပျော်ပျော်ရွင်ရွင် နေရစဉ်ဝယ်

မေ့ပယ်ပြစ်ထား အမေ့ရင်အား

ပူပင်စိမ်းကား တစ်စိမ်းများကြား

ကြမ်းတမ်းပင်ပန်း ဘဝလမ်းကို

ကိုယ်တိုင်ကိုယ်ကျ လျှောက်လှမ်းရမှ

ပူပင်မရှိ နူးညံ့ဖွယ်ရာ

သာယာငြိမ်းချမ်း မေ့ရင်နန်းသို့ 

ပြန်လာချင်တယ်အမေရယ်

Friday, March 15, 2013

လွမ်းနေပါဦး အမေ

သွားတော့မယ်နော် နှုတ်ဆက်ခေါ်တော့

ချစ်တဲ့မေမေ လွမ်းမျက်ရည်နှင့်


နှစ်သိမ့်ပြုံးပြ တဒင်္ဂ..။


လွံမ်းစကိုဖြေ ငိုမနေပဲ

ကြေကွဲမျက်နှာ သားရှေ့ မှာဖုံး

အမေပြုံးကာ နှုတ်ဆက်ရှာ...။


တကယ်ဆိုရင် ခွဲချင်ဘူးလေ


အမေ့ရင်ခွင် ခေါင်းဝင်ဝှေ့ ကာ


နူးညံ့သာယာ ရင်ခွင်သာမှာ


ထာဝရပင်နေချင်တာ..။


သို့ ပေသော်ငြား


ဘဝအတွက် စာပေတတ်ဖို့ 


ပညာရှာရ ချိန်ကာလမှာ


ဝေးနေရာက ခဏတာေ တာ့


လွမ်းနေဦးပေါ့ချစ်မေမေရယ်...။

အဆိပ်သင့် အချစ်

ဝေးရမှာကိုသိခဲ့သလို

မုန်းသွားမယ်ဆိုတာလည်းသိနှင့်ပါတယ်

မမျှော်လင့်ခဲ့ပါဘူး

အပျော်ဖင့်လို့သာ

ရူးစေခဲ့တာပါ

တိုတောင်းလွန်းတဲ့

အချိန်ကာလလေးအတွင်းမှာ

အရမ်းမချစ်သင့်ခဲ့ပါဘူး

အဆိပ်သင့်အချစ်မှန်း

မသိခဲ့လို့လေလား

အခုတော့.....

ပဒိုင်းသီးကိုစားမိလျှင်

ရူးစေလိမ့်မယ်.

မင်းကိုချစ်မိလျှင်

အဆိပ်သင့်မယ်ဆိုတာ

သိခဲ့လေပြီကွယ်

အဆိပ်သင့်အချစ်တို့နဲ့

မနက်ဖြန်တိုင်းအတွက်

ငါ

အသက်ဆက်မရှင်ပါရစေတော့နဲ့ကွယ် ။

Wednesday, March 13, 2013

ကြောက်လို့ ပါ

ဒို့ နှစ်ယောက်ထားတဲ့ 

အဖြူရောင်သံယောဇဉ်ကြိုးတွေကို

ငါ့ဘက်က အရောင်ခြယ်ဖို့ 

ကြိုးစားခဲ့ တာပါ....

မင်းရဲ့ အပြုံး မင်းရဲ့အလှတွေကြောင့်

ငါမင်းကိုချစ်ခဲ့တယ်

ချစ်ခဲ့လို့ လည်း

ငါ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေဟာ

ရှင်သန်နိုးထခဲ့တယ်...။

ဒါကို မင်းဘက်က လက်မခံဘူးဆို၇င်လည်း

ငါ့ဘက်က ကျေကျေနပ်နပ်ကြီး

လက်ခံလိုက်မယ်..။

ဘာလို့လဲဆိုတော့

မထိုက်မှန်းသိလျှက်နဲ့ 

ချစ်ခဲ့တဲ့ ငါ့အပြစ်ကြောင့်

ကျေကျေနပ်နပ်လက်ခံခဲ့ တာပါ...။

တကယ်လို့ 

အမှတ်မထင် နောင်တစ်ချိန်

ငါနဲ့ တွေ့ တဲ့ အခါ

ပြုံးမပြပါနဲ့  စကားမပြောပါနဲ့

ဘာလို့ လဲဆိုတော့

ငါ့ရဲ့ ရောဂါဟောင်းတွေ

ဖောက်လာမှာ ကြောက်လို့ ပါ

ညီမလေးရာ.......။

ပါးချိုင့်ပိုင်ရှင်သို့ 

အိပ်မရတဲ့ ညပေါင်းများစွာ

စိတ္တဇညအဖြစ်ပြောင်းလဲသွားသလို

မက်မောတွယ်တာခဲ့သမျှ

ရက်ရောဆွယ်ကာပြတတ်တဲ့

ပါးချိုင့်သဏ္ဍာန်

အပြုံးဟန်က

နှလုံးဆန်အထိ စွဲငြိနေပြီ

ညီမလေးရယ်.......။



နှစ်သစ်မှာ အချစ်စစ်ဖြစ်ပွား

နှလုံးသားမှာတော့ မမုန်းအားပါဘူးလို့ 

ချစ်ညီမလေးရယ်..

ချစ်စကားလေးမေ့အနားမှာ

ချိုသာစွာလေးပြောချင်တယ်

ကာရန်ညီညီ ကဗျာစီပြီး

မပြောနှိင်ပေမယ့်

ကာရန်ဆန်ဆန် မြန်မာ့ဟန်နဲ့ 

သိမ်ချစ်တဲ့ ညီမလေးအနားခစားလို့ 

ဟန်ပန်မရှိ ပကတိဖြူစင်

ကလေးတို့ အသွင်ဖြင့်

အတွေးတသိုက်ကို ဘေးဖယ်

ဂရုတစိုက်ဖတ်မှာလားလို့ရေး

ဖြူစင်တဲ့နှလုံးအိမ်မှာတော့

မြူလုံးအသွင်ဆိုတာ လုံးဝမရှိ

အချစ်ကြိးပြီး

ရမ္မက်မီးထတဲ့ ငါ့ဘဝ...

အခုတော့ မဖြေသာ

ဝေဒနာစာလွာပါး

မင်းရင်မှာ အချစ်ပွားပါစေ..

အချစ်ကို ကဗျာဟန်

ကာရန်နဲ့ မပြောနိုင်ပေမယ့်

ညီမလေးရယ်...

ရိုးရိုး နဲ့ အေးအေး

ဖြေးဖြေးလေး ပြောလိုက်မယ်

သိပ်ချစ်တယ်လို့ ....

အချစ်ကို ပမာတင်

ကဗျာမဆင်တတ်ပေမယ့်

ကာရန်မဲ့ နှလုံးသား

ကိုယ့်အား ညီမလေးမုန်းသွားလည်း

ညီမလေးကို မမုန်းရက်

အပြုံးဆက်နဲ့ 

ဆယ်ကမ္ဘာ မကဆက်ချစ်သွားမယ်

ညီမလေးရယ်.

Tuesday, March 12, 2013

ချစ်လွန်းလို့ ပါ



သမုဒယရစ်ခြုံ

အနုသယ ဒီကောင်းကင်ဘုံမှာ

အနုတွေစုံလင်စွာ ဖန်ဆင်းထားတဲ့

ငါ့ရဲ့ ကွက်လပ်လေးထဲ

နင်ဝင်ဝင်ဖြည့်ခဲ့တယ်. . .။

အကြင်နာတွေသိုင်းခြုံ

အစဉ်သာရင်မှာ ပန်းခြုံတို့ 

အဖူးအပွင့်စုံလင်စွာနဲ့ 

ငါ့ရဲ့ ဥယျဉ်လေးထဲ

နင်ဝင်ဝင်လာခဲ့တယ်. . .။

အသင် ဘယ်သူလဲ ? လို့ မမေးလိုက်ပါနဲ့ .

မင်းရင်တွင်း အကျဉ်းထောင်မှာ

အကျဉ်းကျခံဖို့ 

ဒူးထောက်နေခဲ့သူပါ

ဒါ. . . . . .

စစ်ရှုံးလို့ မဟုတ်ဘူး ။

သံယောဇဉ်တွေ စုပုံ

ကိုယ့်သခင်အုံပြုဖို့ 

နေ့ နေ့ ညညအားထုတ်

အကြင်နာတွေ ဆောက်လုပ်

ရင်ဘတ်ရုပ်ကြွင်း နဲ့ထုဆစ်ခဲ့တာ

ချစ်လွန်းလို့ ပါ. . . .။