Tuesday, June 18, 2013

အချိန်တိုင်းရဲ့ သခင်

 

သတိရမိတိုင်း

မော့ကြည့်ဖြစ်တဲ့အခါ

ကောင်းကင်ပေါ်မှာ

နင့် . . ပုံရိပ်တွေပဲ တွေ့ ရှိတယ် ။


ဝေးနေရတဲ့ အချိန်တိုင်း

တစ်ခဏလေး ဖြစ်ဖြစ်

ငါ့ရင်ထဲမှာ

နင် . . ရှိနေပေးပါ ။

 

မဖြစ်နိုင်ဘူးဆိုရင်တောင်

ဘဝပေါင်းများစွာကုန်ဆုံးတဲ့အထိ

ငါ့ နှလုံးသားကို

နင်. . စိုးမိုးထားပါ   ချစ်သူ ။


Saturday, June 15, 2013

သစ္စာတော်စူး

 

ငါထုဆစ်တဲ့

ကာရန်တစ်ပုဒ်

နှလုံးသားတိုင်းအတွက်

ညီမျှပါစေ


ဘဝတစ်သက်တာ 

တစ်ခါသာ

ရင်ခုန်မယ်


တစ်ခါဖြစ်တဲ့ အချစ်

တစ်သက်တာ 

ဖြစ်ပါစေလို.

သန္ဒိဌာန် အခါခါချ

ငါ့နှလုံးသားကို

ဆုံးမခဲ့တယ်


ယုံပါ

  ကောင်မလေးရယ်

ကိုယ့်ဘဝမှာ 

ဒုတိယသူဆိုတာ

ရှိလာခဲ့ရင်

အဓိဌာန်သစ္စာတော်စူးလို.

ဘဝအဆက်ဆက်

အချစ်ရူးသာ 

ဖြစ်ရပစေ ကောင်မလေးရေ...

                                                        


Sunday, June 2, 2013

အရာအားလုံးထက်

 

လမင်းကသာ   လေညှင်းလာတော့

သာယာလှပ    ဒီလိုညမှာ

ငယ့်ရဲ့အကြောင်း  ပြန်ပြောင်းတွေးကာ

ကဗျာရေးရတာထက်  

ဘယ်ဟာကများ    ပိုမက်စရာရှိပါ့မလား ?


ကောင်းကင်ယံပြာ   ကြယ်တာရာစုံ

ဝါဝါပြည့်ရွှန်း          လပြည့်ဝန်းနှင့်

ပြည့်စုံလှပ           ဟော့ဒီလိုည

ငယ့်ရဲ့အကြောင်း   ကဗျာတေးစပ်

လွမ်းရတာထက်

ဘယ်ဟာကများ    ပိုမက်စရာရှိပါ့မလဲ  ?


ငယ်မရှိ ည         ရှည်လျှားလှစွာ

တမ်းတဆိတ်ငြိမ်  ညဥ့်နက်ချိန်မှာ

ငယ့်ပုံရိပ်လေး    ရေးရေးတွေးကာ

ဆွေးရတာထက်

ဘယ်ဟာကများ  ပိုမက်စရာရှိပါ့မလား  ?


Friday, May 31, 2013

အချစ်ဟုခေါ်သည်

ဒဏ္ဍာရီတွေလား
ရာဇဝင်တွေလား
နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 
 အခင်းအကျင်းတွေက
ချစ်သက်လက်ဆောင် ဗရပွနဲ့ 
ဂန္တဝင်မြောက်လောက်အောင် လှတယ် ။

ချစ်တတ်သူတွေရဲ့ 
အမြုတေချင်း ဖလှယ်မှု့ မှာ

ဆေးပေါင်းခလိုက်ပုံက
နီရဲရဲပါးကလေးနဲ့ 
ပန်းကလေးတွေတောင်
ရှက်သွေးဖြာတယ်. .။

နှင်းခါးရေမစွက်မပွက်နဲ့ 
ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ
ကောင်မလေးရေ. . .
နင့်ခြေထောက်တွေ
ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 
ရာသီသုံးပါးအပြောင်းအလဲကြားမှာ
နင်. . .အရင်လို
ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ
ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ
ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ
မယ်သီတာရယ်. . .
နင်ဟာ ငါ့အတွက်တော့
ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်
သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား
မျော်လင့်ချက် သီးကင်းလေးများလဲ
နေလောင်ရာအပြည့်နဲ့ 
နွမ်းမြည့်မှည့်တယ်. . .။

တိတ်တခိုး ခေါင်းစဉ်နဲ့ 
ဇာတ်ခုံနောက်ပါးက
တစ်ကိုယ်တော်
ကပြအသုံးတော်ခံမှု့ မှာ
စွဲလမ်းသူ လွမ်းစေရမယ်လို့ 
ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။

ဟင့်အင်း. . .ငါမရေးချင်တော့ဘူး
ဒီသံယောဇဉ်အကြောင်းတွေကို
တကယ်လို့ များ
နင်ဖတ်.ကြား . သိမြင် ခဲ့ရင်
နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ
'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။

အလွမ်းနဲ့ရေးတဲ့တေးဟာ
အစ အလယ် အဆုံး
ဖွဲ့ နွဲ့ မှု့ အားလုံး
ကြေကွဲခြင်း မိုးကြိုးတို့ 
တဝုန်းဝုန်း ရွာချ
ပင်လယ်ဝမှာ မေးတင်
အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။

ဟေ့  ဒီမှာ. . .
တပ်မက်မှု့  အားကောင်းကောင်းနဲ့ 
ပြင်းပြင်းရှရှ သတိရနေမှု့ ကို
အလွမ်းလို့ ခေါ်တယ် ဆိုတာ
နင်သိရင်ကောင်းမယ်. . .။

နင့်အတွက်ဆိုရင်
ဒီကောင် . . .
ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ
လမ်းဘေးဇာတ်ပွဲ
 နောက်ဆုံးက ရပ်ကြည့်ရင်း
သမ္မတရုံရဲ့  အထူးတန်းခုံပေါ်
နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .
တကယ်တော့ ငါဟာ. . .
နင့်ဖဝါးအစုံအောက်က
ဖိနပ်တရံပါ
သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ
နင်စီးချင်နေတဲ့
အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို
 မျက်စောင်းထိုး
ငါ့ကြိုးပျက်သွားလည်း
နင်. . .
ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 
အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက
အာသီသ  ခပ်ပြင်းပြင်းနဲ့ 
ခန္ဓာတစ်ခုလုံး မီးပုံရှို့ 
သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။

အက္ခရာ အတွင်ကျယ်လို့ 
ကိုယ့်ကဗျာတွေ လူမသိပေမယ့်
ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 
''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့
မေးခွန်းတွေကို
သေချာမဖြေတတ်ခဲ့တာပါ. . .။

နင်တော့ မသိစေရဘူး
ရက်မပြည့်သေးတဲ့
တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက
နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။

အသေအချာ ကွယ်ဝှက်ထားတဲ့
ဒီချစ်ခြင်းအကြောင်းတွေ
နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်
တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်
နင့်အတွက် ငါ. . .
ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။

တစ်ခုတောင်းဆိုပရစေ...
ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်
ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး
နောင် နှစ်ပေါင်းများစွာကြာပေါ့
နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

Friday, May 3, 2013

မသိသူသို့ 

 

တစ်နေ့ တစ်ရက်

နေ့ တွေဆက်ခဲ့

ရာသီတွေပြောင်း

နှစ်တွေဟောင်းလည်း

မပြောင်းရင်မှာ

တွယ်တာရာက

သံယောဇဉ်သစ်

တိုး၍ဖြစ်ပွား

ချစ်စိတ်များက

လျော့ပါးမလား ?

တစ်ခါတစ်ခေါက်

တစ်ကြိမ်တစ်ယောက်

မမေ့ပျောက်၍

သောကရင်မှာ

ပူပင်စွာဖြင့်

နေထိသည့်ပန်း

ညှိုးရိပ်နွမ်းသို့ 

မလန်းဝေသာ

ပွင့်နေပါလည်း

ရင်ဝယ်အပူ

မသိလေသူ....။

 

Wednesday, March 27, 2013

ရှင်သန်စေခဲ့သူ

ချစ်စရာ အပြုံးတွေနဲ့ 

မေတ္တာအမုန်းတွေကို  ပျိုးပေးခဲ့သူရေ

အနေဝေးသွားပေမယ့်လည်း

သွေးမအေးနိုင်သေးတဲ့ ဒဏ်ရာတွေက

တစ်ခါတရံရင်ကို  ရိုက်ခတ်လွန်းတာမို့ 

မင်းကိုတော့ မေတ္တာမဆဲတဲ့

သစ္စာမိုးတွေ နဲ့ ချစ်နေဆဲပါ. . .


လေနှင်ရာလွင့်နေရတဲ့ ဒီအချိန်မှာ

သစ်ရွက်က ကိုယ်ပဲလား  ?

လေရူးကပဲ  မင်းလား  ?

ကွဲပြားတဲ့အဖြေတစ်ခုတော့

သိချင်ဆုံးသူက ကိုယ်ပဲဖြစ်လိမ့်မယ်. . .

ဒါပေမယ့်

ဝေးနေရတဲ့ အချိန်တွေကို  မြတ်နိုးတယ်

ဖြစ်နိုင်ရင်လေ.

စက္ကန့် တိုင်းကို စိန်စီပြစ်လိုက်မယ်

ဘာဖြစ်လို့ လဲ သိလား ?

မင်းကို ချစ်တဲ့ စိတ်တွေကို

ထာဝရရှင်သန်အောင် မွေးဖွားပေးလို့ ပေါ့..

ကျေးဇူးပါပဲ 

တကယ်ပါ. . .

မင်းဟာ ကိုယ့်ဘဝကို ရှင်သန်စေခဲ့သူပါ

ကောင်မလေးရယ်. . .

Tuesday, March 19, 2013

အပြုံးတစ်ခုရဲ့  ရလာဒ်

 

ငါ့အတွက်

နင့်ရဲ့ အပြုံးတစ်ခုကို

ရတဲ့နေ့ တိုင်း

အိပ်မက်တွေ ချိုမြ

စိတ်ပျက်စရာတွေ  ပြိုကျ

သိပ်ရှက်စရာတွေ ငိုပြ

ချစ်အဆိပ်တွေ ကြေမွ

စိတ်ကူးတွေ  နိုးထ

အားငယ်မှု့ တွေ ပယ်ပျောက်

ဝမ်းနည်းမှု့ တွေ  ထွက်မြောက်

ဆင်းရဲခြင်းကို လက်မမြှောက်

ချမ်းသာမှု့ ကို  ဒူးမထောက်

ဘယ်သူတွေ ဘယ်လောက်မြှောက်

ငါ့စိတ်က မင်းတစ်ယောက်

အချစ်ကြီးတဲ့  ဒဿ

အတိတ်ဘဝက 

ငါများ..

ဝင်စားရော့သလား. .?

ဘာကြောင့်ပါလဲ

 

နွေလိုပူပြင်း

ငါ့ရင်တွင်းကို

အတင်းမွှေနှောက်

အသက်ပျောက်မတတ်

ရက်စက်နေတဲ့

အလွမ်းတွေကို

မုန်းတယ်. .။


ရင်တွင်းကလာ

  ချစ်မေတ္တာကို

သီကာဖွဲ့ ကုံး

နုလှသုံးကာ   

ပလီပလာ

မပြောတတ်တဲ့

ငါ့ ကို ငါ

မုန်းတယ်. .

ငါ့ရင်ထဲမှာ

တီးတိုးဝင်ရောက်

လွမ်းလက်ဆောင်ပေးတဲ့

မင်းကိုတော့

မုန်းမရတာ

ဘာကြောင့်လဲဟာ...

Monday, March 18, 2013

အချစ်ဟုခေါ်သည်

ဒဏ္ဍာရီတွေလား

ရာဇဝင်တွေလား

နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 

 အခင်းအကျင်းတွေက

ချစ်သက်လက်ဆောင် ဗရပွနဲ့ 

ဂန္တဝင်မြောက်လောက်အောင် လှတယ် ။


ချစ်တတ်သူတွေရဲ့ 

အမြုတေချင်း ဖလှယ်မှု့ မှာ


ဆေးပေါင်းခလိုက်ပုံက

နီရဲရဲပါးကလေးနဲ့ 

ပန်းကလေးတွေတောင်

ရှက်သွေးဖြာတယ်. .။


နှင်းခါးရေမစွက်မပွက်နဲ့ 

ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ

ကောင်မလေးရေ. . .

နင့်ခြေထောက်တွေ

ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 

ရာသီသုံးပါးအပြောင်းအလဲကြားမှာ

နင်. . .အရင်လို

ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ

ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ

ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ

မယ်သီတာရယ်. . .

နင်ဟာ ငါ့အတွက်တော့

ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်

သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား

မျော်လင့်ချက် သီးကင်းလေးများလဲ

နေလောင်ရာအပြည့်နဲ့ 

နွမ်းမြည့်မှည့်တယ်. . .။


တိတ်တခိုး ခေါင်းစဉ်နဲ့ 

ဇာတ်ခုံနောက်ပါးက

တစ်ကိုယ်တော်

ကပြအသုံးတော်ခံမှု့ မှာ

စွဲလမ်းသူ လွမ်းစေရမယ်လို့ 

ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။


ဟင့်အင်း. . .ငါမရေးချင်တော့ဘူး

ဒီသံယောဇဉ်အကြောင်းတွေကို

တကယ်လို့ များ

နင်ဖတ်.ကြား . သိမြင် ခဲ့ရင်

နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ

'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။


အလွမ်းနဲ့ရေးတဲ့တေးဟာ

အစ အလယ် အဆုံး

ဖွဲ့ နွဲ့ မှု့ အားလုံး

ကြေကွဲခြင်း မိုးကြိုးတို့ 

တဝုန်းဝုန်း ရွာချ

ပင်လယ်ဝမှာ မေးတင်

အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။


ဟေ့  ဒီမှာ. . .

တပ်မက်မှု့  အားကောင်းကောင်းနဲ့ 

ပြင်းပြင်းရှရှ သတိရနေမှု့ ကို

အလွမ်းလို့ ခေါ်တယ် ဆိုတာ

နင်သိရင်ကောင်းမယ်. . .။


နင့်အတွက်ဆိုရင်

ဒီကောင် . . .

ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ

လမ်းဘေးဇာတ်ပွဲ

 နောက်ဆုံးက ရပ်ကြည့်ရင်း

သမ္မတရုံရဲ့  အထူးတန်းခုံပေါ်

နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .

တကယ်တော့ ငါဟာ. . .

နင့်ဖဝါးအစုံအောက်က

ဖိနပ်တရံပါ

သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ

နင်စီးချင်နေတဲ့

အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို

 မျက်စောင်းထိုး

ငါ့ကြိုးပျက်သွားလည်း

နင်. . .

ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 

အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက

အာသီသ  ခပ်ပြင်းပြင်းနဲ့ 

ခန္ဓာတစ်ခုလုံး မီးပုံရှို့ 

သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။


အက္ခရာ အတွင်ကျယ်လို့ 

ကိုယ့်ကဗျာတွေ လူမသိပေမယ့်

ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 

''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့

မေးခွန်းတွေကို

သေချာမဖြေတတ်ခဲ့တာပါ. . .။


နင်တော့ မသိစေရဘူး

ရက်မပြည့်သေးတဲ့

တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက

နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။


အသေအချာ ကွယ်ဝှက်ထားတဲ့

ဒီချစ်ခြင်းအကြောင်းတွေ

နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်

တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်

နင့်အတွက် ငါ. . .

ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။


တစ်ခုတောင်းဆိုပရစေ...

ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်

ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး

နောင် နှစ်ပေါင်းများစွာကြာပေါ့

နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

အချစ်ဟုခေါ်သည်

                                   

ဒဏ္ဍာရီတွေလား
ရာဇဝင်တွေလား
နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 
 အခင်းအကျင်းတွေက
ချစ်သက်လက်ဆောင် ဗရပွနဲ့ 
ဂန္တဝင်မြောက်လောက်အောင် လှတယ် ။

ချစ်တတ်သူတွေရဲ့ 
အမြုတေချင်း ဖလှယ်မှု့ မှာ

ဆေးပေါင်းခလိုက်ပုံက
နီရဲရဲပါးကလေးနဲ့ 
ပန်းကလေးတွေတောင်
ရှက်သွေးဖြာတယ်. .။

နှင်းခါးရေမစွက်မပွက်နဲ့ 
ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ
ကောင်မလေးရေ. . .
နင့်ခြေထောက်တွေ
ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 
ရာသီသုံးပါးအပြောင်းအလဲကြားမှာ
နင်. . .အရင်လို
ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ
ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ
ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ
မယ်သီတာရယ်. . .
နင်ဟာ ငါ့အတွက်တော့
ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်
သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား
မျော်လင့်ချက် သီးကင်းလေးများလဲ
နေလောင်ရာအပြည့်နဲ့ 
နွမ်းမြည့်မှည့်တယ်. . .။

တိတ်တခိုး ခေါင်းစဉ်နဲ့ 
ဇာတ်ခုံနောက်ပါးက
တစ်ကိုယ်တော်
ကပြအသုံးတော်ခံမှု့ မှာ
စွဲလမ်းသူ လွမ်းစေရမယ်လို့ 
ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။

ဟင့်အင်း. . .ငါမရေးချင်တော့ဘူး
ဒီသံယောဇဉ်အကြောင်းတွေကို
တကယ်လို့ များ
နင်ဖတ်.ကြား . သိမြင် ခဲ့ရင်
နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ
'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။

အလွမ်းနဲ့ရေးတဲ့တေးဟာ
အစ အလယ် အဆုံး
ဖွဲ့ နွဲ့ မှု့ အားလုံး
ကြေကွဲခြင်း မိုးကြိုးတို့ 
တဝုန်းဝုန်း ရွာချ
ပင်လယ်ဝမှာ မေးတင်
အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။

ဟေ့  ဒီမှာ. . .
တပ်မက်မှု့  အားကောင်းကောင်းနဲ့ 
ပြင်းပြင်းရှရှ သတိရနေမှု့ ကို
အလွမ်းလို့ ခေါ်တယ် ဆိုတာ
နင်သိရင်ကောင်းမယ်. . .။

နင့်အတွက်ဆိုရင်
ဒီကောင် . . .
ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ
လမ်းဘေးဇာတ်ပွဲ
 နောက်ဆုံးက ရပ်ကြည့်ရင်း
သမ္မတရုံရဲ့  အထူးတန်းခုံပေါ်
နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .
တကယ်တော့ ငါဟာ. . .
နင့်ဖဝါးအစုံအောက်က
ဖိနပ်တရံပါ
သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ
နင်စီးချင်နေတဲ့
အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို
 မျက်စောင်းထိုး
ငါ့ကြိုးပျက်သွားလည်း
နင်. . .
ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 
အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက
အာသီသ  ခပ်ပြင်းပြင်းနဲ့ 
ခန္ဓာတစ်ခုလုံး မီးပုံရှို့ 
သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။

အက္ခရာ အတွင်ကျယ်လို့ 
ကိုယ့်ကဗျာတွေ လူမသိပေမယ့်
ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 
''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့
မေးခွန်းတွေကို
သေချာမဖြေတတ်ခဲ့တာပါ. . .။

နင်တော့ မသိစေရဘူး
ရက်မပြည့်သေးတဲ့
တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက
နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။

အသေအချာ ကွယ်ဝှက်ထားတဲ့
ဒီချစ်ခြင်းအကြောင်းတွေ
နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်
တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်
နင့်အတွက် ငါ. . .
ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။

တစ်ခုတောင်းဆိုပရစေ...
ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်
ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး
နောင် နှစ်ပေါင်းများစွာကြာပေါ့
နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

Sunday, March 17, 2013

လွမ်းသူသို့ 

လွမ်းမိုးထွေထွေ


လွမ်းသည့်မြေမှာ


လွမ်းညတွေနက်


လွမ်းရေးခက်မို့ 


လွမ်းခြင်းဒဏ်ရာ


လွမ်းရင်မှာရ


လွမ်း၍မဆုံး


လွမ်းကို မုန်းတယ်


လွမ်းစွာဆိုလည်း


လွမ်းရင်ခွင်ထဲ


လွမ်းမြဲလွမ်းသာ


လွမ်းနေပါတယ်


လွမ်းနေရတဲ့


လွမ်းသူလေးရယ် ။

နှလုံးသားတစ်ခုရဲ့  ငိုကြွေးသံ

အလွမ်းတွေလေတွေပွေ

နှင်းဝေတဲ့ဆောင်းမှာ

မပြောင်းလဲသောရင်ခွင်နဲ

မင်းကို တမ်းတ

လွမ်းရတဲ့စိတ်ကြောင့်

နွမ်းလျရင်ဟာ...

လရောင်လွင်လွင်အောက်မှာ

နာကျင်နေဆဲပါ သူငယ်ချင်းလေး ။

ရင်ကွဲကာ

အသည်းမှာ နာကျင်လည်း

တွေ ခွင့်မကြုံ

ဆုံခွင့်မရှိပြီမို့ 

ရင်မှာ ငြိုးထား

အမုန်းများနဲ့ 

အလွမ်းလမ်းကြားမှာ

ငါ့ကို ထားရစ်ခဲ့ပါ သူငယ်ချင်း

အလွမ်းအိုင်မှာ

နင့်နှလုံးသား

နွမ်းယိုင်သွားမှာ စိုးလို့  ပါ ။

ရာသက်ပန် အမိန့် ပေးနိုင်သူ

အချစ်မှာသာ


တစ်ခါတလေလောက်

 

အမှားလုပ်မိရင်

 

ဘောလုံးပွဲတွေလို

 

ခေါ်ယူသတိပေးမှု့ တွေ

 

အဝါကတ်လောက်ပြပြီး သတိပေးမှု့ တွေရှိလို့ ရင်

 

သိပ်ကောင်းမှာပဲ  ချစ်သူ  ။

 

အခုတော့. . .

 

နင့်အတွက် ပြောမိခဲ့တဲ့

 

ငါ့စေတနာက

 

နင့်ဘက်က ဝေဒနာလို့ ထင်

 

စေတနာအမှားအတွက်

 

ချမှတ်လိုက်တဲ့  ပြစ်ဒဏ်က

 

တိုက်ရိုက်အနီတဲ့. . .။

 

ချမှတ်တဲ့ ပြစ်ဒဏ်ကို  

 

မကျေနပ်လို့ 

 

နှလုံးသားခုံရုံးကို

 

အယူခံဝင်ကာမှ

 

ပိုဆိုးပါလား  ချစ်သူ

 

'ရာသက်ပန် ပွဲပယ်'  တဲ့ ။


ပန်းပျိုးလက် နှင့် မခူးရက်သူ

                                                               

မကြင်ရက် ခင်တဲ့သူရယ်

နင်က ငွေလမင်းဆိုရင်

နင် တင့်တယ်ဖို့ 

ငါကြယ်လေးတွေ ဖြစ်လိုက်ချင်တယ်...။

နင်က ကုမုဒြာ ကြာပန်းဆို

နင်ပွင့်လန်းနိုင်ဖို့ 

ငါ လရောင်လွင်လွင်လေး ဖြစ်လိုက်ချင်တယ်..။

နင်က ချစ်စရာလိပ်ပြာငယ်လေးဆို

နင့်ဝတ်ရည် အတွက်

ငါ ပွင့်သောပန်းဖတ်ဖြစ်လိုက်ချင်တယ်...။

နင်က

ပန်းသဇင်ဆိုရင်

နင်တော်ဝင်နိုင်ဖို့ 

ငါဥယျဉ်မှူးလေးလုပ်လိုက်ချင်တယ်...။

နင်က

မြေမှာခယ ပန်းခရေဘဝဆိုလည်း

ငါ့ရင်မှာ တယုတယ ထာဝရသိမ်းထားလိုက်ချင်တယ်...။

ဒါပေမယ်....................

 

 ရင်တွင်းခံစားချက်

 

အပြင်ဖြစ်ရပ်တို့ က

 

ကွာဟလွန်းတာမို့ 

 

ရင်မှာ စို့ နစ်

 

 ငါ့အဖြစ်က


ပန်းအသွင်ကို


လှမ်းမြင်ရုံနဲ့ 


ကျေနပ်ရမယ့် ဘဝပါ  ။


Saturday, March 16, 2013

နင့်အတွက်

နှုတ်ထွက်စကား

မပြောကြားလဲ

မျိုသိပ်ထားတဲ့ ချစ်စိတ်က

ရင်ထဲမှာ အပြည့်

မပြောလည်း နင်သိ

ရင်ထဲရှိ အချစ်ကို

အပြစ်တစ်ခု ဖန်ဆင်းရင်

ခံစားတတ်လွန်းတဲ့ နှလုံးသားကို

ပြစ်ဒဏ်ခတ် ရက်စက်စွာ

 ဥပေက္ခာပြုလိုက်မယ်..ချစ်သူ..။

ပန်းခင်းလမ်းကို နင်ယူ

ဝေဒနာအပူ ရာထောင်ကို

လက်ဆောင်အဖြစ် နဲ့ 

ငါ့ကို ပေးနှင်းခဲ့ပါ ချစ်သူ ။

 


လက်ခံပေးပါ သူငယ်ချင်း

သူငယ်ချင်းလေး...........

မမြင်ဘူးပေမယ့် ရင်းနှိးနေတာတော့

ကြာပြီနော်........

တို့ တတွေက


သူစိမ်းတွေမဟုတ်ကြတော့သလို


စိတ်ဆိုးရမယ့်သူတွေလည်း မဟုတ်တော့ဘူးလေ..


သူငယ်ချင်းဆိုတဲ့....


သံယောဇဉ် လွယ်လွယ်လေးနဲ့ 


မင်းဖြတ်ပြစ်လိုက်တာ


သိပ်ဝမ်းနည်းတာပဲ....


တွေ့ ကြဆုံကြ ပျော်စရာဘဝမှာ


ခင်မင်မှု သံယောဇဉ်


ဖြစ်လာပြီ ဆိုကာမှဖြင့်


မေ့ပျောက်ဖို့ ရာ လွယ်မတဲ့လား....


ငါ့ဘက်ကသံယောဇဉ်


သေချာတွေးကြည့်ရင်တော့ ရေးရေးတော့ပေါ်လာနိုင်တယ်...


သူငယ်ချင်းဆိုတာ ဘာလဲ?


သံသယ တို့ အာဃာတတို့ပြောတာလား ?


အတ္တတို့  မာနတို့ ပြောတာလား ?


အထ င်လွဲတယ်ဆိုတာ


ကောင်းတဲ့အရာမှမဟုတ်ပဲလေ ....


သြော် ....ဒါနဲ့ သူငယ်ချင်း


အလွှဲတကာ အလွှဲထဲမှာ


နားလည်မှု လွဲတာ အဆိုးဆုံးပဲလေ..။


မင်းရဲ့ လွှဲမှားမှုတွေ မှန်ကန်လာတဲ့


တစ်နေ့ တော့


မိုးထက်  ဆိုတဲ့ ငါ့ကို


မင်းကောင်းကောင်းချည်း


လက်ခံပေးပါ သူငယ်ချင်း.......။

Block မင်းသမီးအတွက်

ကွန်ပြူတာရှေ့ မှာ

ဝင်ကာထိုင်မိတိုင်း

ထုံထိုင်းနေတဲ့စိတ်

ဘယ်ပုံရိပ်ကြောင့်ဆိုတာ


အတွေးခက်


Block ဆိုတဲ့ အဖြေပဲထွက်နေတယ်


တစ်ချိန်က ခင်မင်ခြင်း


ငါမနှင်ပဲ ထွက်ခွါ


ခပ်ကွာ ကွာ နေမှ သိလိုက်ပြီ ။


ငါ့ရင်မှထိခိုက်သွားတာ


နာကျင်လို့ ပေါ့ဟာ ။

အချစ် ဆိုတာ

အတွေး လွဲမှား

နှလုံးသားက

တားမရဘူး ။

အရူးအမူးကို

အကြင်နာတွေ ပိုခဲ့မိတယ်

ခဏတာအချစ်ကို

တစ်ဘဝရဲ့ အနှစ်လို

တွယ်ရစ်မိသူ ငါ

ဝေဒနာခရီးကြမ်း

အလွမ်းမုန်တိုင်းကြား

ရောက်သွားကာမှ သိလိုက်တယ် ။

အချစ်ဆိုတာ. 


သောကဟူသမျှတို့ ရဲ့ 

မြစ်ဖြားခံရာ

သိပ်ချစ်တယ်ကွယ်


စုန်းကဝေတစ်ယောက်ရဲ့  ပြုစား

အမူမှားတတ်တဲ့ ကံကြမ္မာ

အဖန်တစ်ရာ ကြံစမ်းပါစေ။

အလှမ်းဝေးဖို့  မတွေးခဲ့

စခန်းခြင်း မနီးတောင်မှ

အလွမ်းခြင်း နီးစပ်

အချစ်တွေ နီးစပ်ပေးတဲ့

Internet ကိုလည်းကျေးဇူးတင်တယ် ။

မာနမကြီးတဲ့

အလှမင်းသမီး ကို

အလှမ်းဝေးတဲ့

မန္တလေးကပဲ လွမ်းတော့မယ်. . .။

ဘယ်သူတွေ ဘယ်လိုတားပေမယ့်

ပစ်မထားရက်တဲ့ ငါ့အချစ်

အနှစ်မကျန် သွန်မှောက်

မင်းတစ်ယောက် အတွက်ပါပဲ။

အသက်သာ ဆုံးပါစေ

သုံးခါသေမယ်ဆိုရင်လည်း

ငိုချင်အောင် ချစ်ပြမယ်။

နှစ် . လ ကွယ်ခြားရင်တောင်

ကြားချင်အောင်ပြောချင်တယ်

သိပ်ချစ်တယ်ကွယ် ။

 

စွန့် သွားတော့ ရော်ဝါ

လေယူရာလွင့်

ပင်စည်စွန့် ပြီး

လူးလွင့်မြေပေါ်

ငိုရှာသော်လည်း

ဝေးသော်တစ်နေ့ 

ဆွေးတမြေ့နှင့်

လွမ်းငွေ့ ရင်မှာ

ပူလောင်ကာနေ

ရော်ဝါလေးရေ.

သင့်လိုပဲကွယ်

ငါ့ရဲ့ရင်ထဲ

ဝင်သွားထွက်လာ

သီးပွင့်သည်လည်း

လေယူရာသိမ်း

လိုက်သွားရှာတော့

ဒဏ်ရာများစွာ

ရခဲ့ရှာတယ်.

ရော်ဝါလေးရယ်

ပင်စည်အိုကို

စွန့် ဖို့ ဝမ်းနည်းလည်း

အားမာန်ခဲ့ကာ

စွန့် ခဲ့ပါတော့

ရော်ဝါလေးရေ. 


သင်မှေးစက်ရာ

သင့်ဌာနာကို

ရောက်လာမယ့်သူ

မရှိတော့လည်း

နောက်ဆံမတင်း

ငဲ့ကွက်ကင်းကွာ

သွားလိုရာကို

သွားတော့ပါလား

ရော်ဝါလေးရယ်.