Tuesday, June 18, 2013

အချိန်တိုင်းရဲ့ သခင်

 

သတိရမိတိုင်း

မော့ကြည့်ဖြစ်တဲ့အခါ

ကောင်းကင်ပေါ်မှာ

နင့် . . ပုံရိပ်တွေပဲ တွေ့ ရှိတယ် ။


ဝေးနေရတဲ့ အချိန်တိုင်း

တစ်ခဏလေး ဖြစ်ဖြစ်

ငါ့ရင်ထဲမှာ

နင် . . ရှိနေပေးပါ ။

 

မဖြစ်နိုင်ဘူးဆိုရင်တောင်

ဘဝပေါင်းများစွာကုန်ဆုံးတဲ့အထိ

ငါ့ နှလုံးသားကို

နင်. . စိုးမိုးထားပါ   ချစ်သူ ။


Saturday, June 15, 2013

သစ္စာတော်စူး

 

ငါထုဆစ်တဲ့

ကာရန်တစ်ပုဒ်

နှလုံးသားတိုင်းအတွက်

ညီမျှပါစေ


ဘဝတစ်သက်တာ 

တစ်ခါသာ

ရင်ခုန်မယ်


တစ်ခါဖြစ်တဲ့ အချစ်

တစ်သက်တာ 

ဖြစ်ပါစေလို.

သန္ဒိဌာန် အခါခါချ

ငါ့နှလုံးသားကို

ဆုံးမခဲ့တယ်


ယုံပါ

  ကောင်မလေးရယ်

ကိုယ့်ဘဝမှာ 

ဒုတိယသူဆိုတာ

ရှိလာခဲ့ရင်

အဓိဌာန်သစ္စာတော်စူးလို.

ဘဝအဆက်ဆက်

အချစ်ရူးသာ 

ဖြစ်ရပစေ ကောင်မလေးရေ...

                                                        


Sunday, June 2, 2013

အရာအားလုံးထက်

 

လမင်းကသာ   လေညှင်းလာတော့

သာယာလှပ    ဒီလိုညမှာ

ငယ့်ရဲ့အကြောင်း  ပြန်ပြောင်းတွေးကာ

ကဗျာရေးရတာထက်  

ဘယ်ဟာကများ    ပိုမက်စရာရှိပါ့မလား ?


ကောင်းကင်ယံပြာ   ကြယ်တာရာစုံ

ဝါဝါပြည့်ရွှန်း          လပြည့်ဝန်းနှင့်

ပြည့်စုံလှပ           ဟော့ဒီလိုည

ငယ့်ရဲ့အကြောင်း   ကဗျာတေးစပ်

လွမ်းရတာထက်

ဘယ်ဟာကများ    ပိုမက်စရာရှိပါ့မလဲ  ?


ငယ်မရှိ ည         ရှည်လျှားလှစွာ

တမ်းတဆိတ်ငြိမ်  ညဥ့်နက်ချိန်မှာ

ငယ့်ပုံရိပ်လေး    ရေးရေးတွေးကာ

ဆွေးရတာထက်

ဘယ်ဟာကများ  ပိုမက်စရာရှိပါ့မလား  ?


Friday, May 31, 2013

အချစ်ဟုခေါ်သည်

ဒဏ္ဍာရီတွေလား
ရာဇဝင်တွေလား
နောက်ခံသမိုင်း အကျယ်တဝင့်နဲ့ 
 အခင်းအကျင်းတွေက
ချစ်သက်လက်ဆောင် ဗရပွနဲ့ 
ဂန္တဝင်မြောက်လောက်အောင် လှတယ် ။

ချစ်တတ်သူတွေရဲ့ 
အမြုတေချင်း ဖလှယ်မှု့ မှာ

ဆေးပေါင်းခလိုက်ပုံက
နီရဲရဲပါးကလေးနဲ့ 
ပန်းကလေးတွေတောင်
ရှက်သွေးဖြာတယ်. .။

နှင်းခါးရေမစွက်မပွက်နဲ့ 
ရေချိုးပြီးစ ရန်ကုန်မနက်ခင်းထဲ
ကောင်မလေးရေ. . .
နင့်ခြေထောက်တွေ
ဘယ်တစ်ယောက်ဆီ ရွေ့ တော့မှာလဲ  . . .။

လေထုညစ်ညမ်းမှု့  ခပ်များများနဲ့ 
ရာသီသုံးပါးအပြောင်းအလဲကြားမှာ
နင်. . .အရင်လို
ကကြိုးစုံပါရဲ့ လား. . .။

ခုနှစ်ပြည်ထောင်မင်းနှင့်တကွ
ရာမ ဒဿတို့ ရဲ့  လေးတင်ပွဲမှာ
ငေးကြည့်နေရတဲ့ ဒီကောင့်ရင်ထဲ
မယ်သီတာရယ်. . .
နင်ဟာ ငါ့အတွက်တော့
ဧကရီပါပဲ. . .။

 မဖြစ်နိုင်ခြင်း အကာအရံနောက်
သံယောဇဉ်အကိုင်းအခက်တို့ ရှည်ရှား
မျော်လင့်ချက် သီးကင်းလေးများလဲ
နေလောင်ရာအပြည့်နဲ့ 
နွမ်းမြည့်မှည့်တယ်. . .။

တိတ်တခိုး ခေါင်းစဉ်နဲ့ 
ဇာတ်ခုံနောက်ပါးက
တစ်ကိုယ်တော်
ကပြအသုံးတော်ခံမှု့ မှာ
စွဲလမ်းသူ လွမ်းစေရမယ်လို့ 
ဘယ်နတ်ဘုရားတို့  ပညတ်ခဲ့ပါသလဲ. . .။

ဟင့်အင်း. . .ငါမရေးချင်တော့ဘူး
ဒီသံယောဇဉ်အကြောင်းတွေကို
တကယ်လို့ များ
နင်ဖတ်.ကြား . သိမြင် ခဲ့ရင်
နင့်ဆင်ဆာခုံရုံးရဲ့  အဆုံးအဖြတ်ဟာ
'ဒီအခန်းဖြတ်ပဲ' ဖြစ်မှာပါ. . .။

အလွမ်းနဲ့ရေးတဲ့တေးဟာ
အစ အလယ် အဆုံး
ဖွဲ့ နွဲ့ မှု့ အားလုံး
ကြေကွဲခြင်း မိုးကြိုးတို့ 
တဝုန်းဝုန်း ရွာချ
ပင်လယ်ဝမှာ မေးတင်
အလွမ်းတွေပဲ တသွင်သွင်စိးတယ်. . .။

ဟေ့  ဒီမှာ. . .
တပ်မက်မှု့  အားကောင်းကောင်းနဲ့ 
ပြင်းပြင်းရှရှ သတိရနေမှု့ ကို
အလွမ်းလို့ ခေါ်တယ် ဆိုတာ
နင်သိရင်ကောင်းမယ်. . .။

နင့်အတွက်ဆိုရင်
ဒီကောင် . . .
ပေးဆပ်မှု့ ရဲတင်းနေလိုက်တာ
လမ်းဘေးဇာတ်ပွဲ
 နောက်ဆုံးက ရပ်ကြည့်ရင်း
သမ္မတရုံရဲ့  အထူးတန်းခုံပေါ်
နင့်ကို နေကြာစေ့ နွှာကျွေးနေချင်သေးတယ်...။

ကောင်မလေးရယ်. . .
တကယ်တော့ ငါဟာ. . .
နင့်ဖဝါးအစုံအောက်က
ဖိနပ်တရံပါ
သဝန်တိုမှု့  အားကြီးလိုက်ပုံကလဲ
နင်စီးချင်နေတဲ့
အသစ်စက်စက် (ပုံတော်)ဖိနပ်တွေကို
 မျက်စောင်းထိုး
ငါ့ကြိုးပျက်သွားလည်း
နင်. . .
ချိတ်ထိုးလို့  စီးစေချင်သေးတယ်. . .။

အဲ့လောက်တောင်ကိုပဲလားလို့  မမေးကြပါနဲ့ 
အဲ့ဒီထက်ပိုတဲ့ ချစ်ခြင်းက
အာသီသ  ခပ်ပြင်းပြင်းနဲ့ 
ခန္ဓာတစ်ခုလုံး မီးပုံရှို့ 
သူ. . .အလင်းရဖို့ ပဲလိုတယ်. . .။

အက္ခရာ အတွင်ကျယ်လို့ 
ကိုယ့်ကဗျာတွေ လူမသိပေမယ့်
ရင်ခုန်သံကို ဘာသာမပြန်တတ်လို့ 
''  ဘယ်လောက်ချစ်သလဲ '' ဆိုတဲ့
မေးခွန်းတွေကို
သေချာမဖြေတတ်ခဲ့တာပါ. . .။

နင်တော့ မသိစေရဘူး
ရက်မပြည့်သေးတဲ့
တစ်ခြမ်းပဲ့  လရဲ့ အရောင်အလင်းက
နင့်တစ်ဘဝလုံး ပြောင်းလဲနိုင်မှာတဲ့လား. . .။

အသေအချာ ကွယ်ဝှက်ထားတဲ့
ဒီချစ်ခြင်းအကြောင်းတွေ
နင်မြင်သာအောင် မလှစ်ဟတော့ဘူးနော်
တိတ်တခိုးဘဝလေးနဲ့ ပဲ ခုံမင်
နင့်အတွက် ငါ. . .
ပေးဆပ်ခြင်းမှာပဲ  ပျော်ဝင်နေတော့မယ်. . .။

တစ်ခုတောင်းဆိုပရစေ...
ငါ့ကိုပေးတဲ့ အထူးလက်ဆောင်အဖြစ်
ဒိ  ကဗျာ လေးကို ဖတ်ပြီးချိန်မှာစပြီး
နောင် နှစ်ပေါင်းများစွာကြာပေါ့
နင်ပျော်ရွင်နေဖို့ ပဲလိုတယ်. . . ။

Friday, May 3, 2013

မသိသူသို့ 

 

တစ်နေ့ တစ်ရက်

နေ့ တွေဆက်ခဲ့

ရာသီတွေပြောင်း

နှစ်တွေဟောင်းလည်း

မပြောင်းရင်မှာ

တွယ်တာရာက

သံယောဇဉ်သစ်

တိုး၍ဖြစ်ပွား

ချစ်စိတ်များက

လျော့ပါးမလား ?

တစ်ခါတစ်ခေါက်

တစ်ကြိမ်တစ်ယောက်

မမေ့ပျောက်၍

သောကရင်မှာ

ပူပင်စွာဖြင့်

နေထိသည့်ပန်း

ညှိုးရိပ်နွမ်းသို့ 

မလန်းဝေသာ

ပွင့်နေပါလည်း

ရင်ဝယ်အပူ

မသိလေသူ....။

 

Wednesday, March 27, 2013

ရှင်သန်စေခဲ့သူ

ချစ်စရာ အပြုံးတွေနဲ့ 

မေတ္တာအမုန်းတွေကို  ပျိုးပေးခဲ့သူရေ

အနေဝေးသွားပေမယ့်လည်း

သွေးမအေးနိုင်သေးတဲ့ ဒဏ်ရာတွေက

တစ်ခါတရံရင်ကို  ရိုက်ခတ်လွန်းတာမို့ 

မင်းကိုတော့ မေတ္တာမဆဲတဲ့

သစ္စာမိုးတွေ နဲ့ ချစ်နေဆဲပါ. . .


လေနှင်ရာလွင့်နေရတဲ့ ဒီအချိန်မှာ

သစ်ရွက်က ကိုယ်ပဲလား  ?

လေရူးကပဲ  မင်းလား  ?

ကွဲပြားတဲ့အဖြေတစ်ခုတော့

သိချင်ဆုံးသူက ကိုယ်ပဲဖြစ်လိမ့်မယ်. . .

ဒါပေမယ့်

ဝေးနေရတဲ့ အချိန်တွေကို  မြတ်နိုးတယ်

ဖြစ်နိုင်ရင်လေ.

စက္ကန့် တိုင်းကို စိန်စီပြစ်လိုက်မယ်

ဘာဖြစ်လို့ လဲ သိလား ?

မင်းကို ချစ်တဲ့ စိတ်တွေကို

ထာဝရရှင်သန်အောင် မွေးဖွားပေးလို့ ပေါ့..

ကျေးဇူးပါပဲ 

တကယ်ပါ. . .

မင်းဟာ ကိုယ့်ဘဝကို ရှင်သန်စေခဲ့သူပါ

ကောင်မလေးရယ်. . .

Tuesday, March 19, 2013

အပြုံးတစ်ခုရဲ့  ရလာဒ်

 

ငါ့အတွက်

နင့်ရဲ့ အပြုံးတစ်ခုကို

ရတဲ့နေ့ တိုင်း

အိပ်မက်တွေ ချိုမြ

စိတ်ပျက်စရာတွေ  ပြိုကျ

သိပ်ရှက်စရာတွေ ငိုပြ

ချစ်အဆိပ်တွေ ကြေမွ

စိတ်ကူးတွေ  နိုးထ

အားငယ်မှု့ တွေ ပယ်ပျောက်

ဝမ်းနည်းမှု့ တွေ  ထွက်မြောက်

ဆင်းရဲခြင်းကို လက်မမြှောက်

ချမ်းသာမှု့ ကို  ဒူးမထောက်

ဘယ်သူတွေ ဘယ်လောက်မြှောက်

ငါ့စိတ်က မင်းတစ်ယောက်

အချစ်ကြီးတဲ့  ဒဿ

အတိတ်ဘဝက 

ငါများ..

ဝင်စားရော့သလား. .?